သို့သော် သူတို့သည် သံကြိုးနှင့်တုပ်နှောင်ခံရ၍ ဒုက္ခကြိုးများနှင့် ချည်နှောင်ခံရလျှင်လည်း
၂ ရာ 22:6 - မြန်မာ့စံမီသမ္မာကျမ်း မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။ Common Language Bible မရဏာနိုင်ငံ၏ကြိုးတို့သည်ငါ့ကိုရစ်ပတ် ကြ၏။ သေမင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်းထောင်၏။ Garrad Bible မ ရ ဏ နိုင် ငံ၏ နှောင် ကြိုး များ ရစ် ပတ် ခြင်း၊ သေ မင်း၏ ညွတ် ကွင်း များ နီး ကပ် ခြင်း ကို ငါ ခံ ရ သ ဖြင့်၊ ကျဉ်း ကျပ် သော အ ဖြစ် မှ Judson Bible မရဏနိုင်ငံ၏ ကြိုးတို့သည်ဝိုင်း၍ သေမင်း၏ကျော့ကွင်းသည် ငါ့ကိုကျော့မိလျက်ရှိ၏။ |
သို့သော် သူတို့သည် သံကြိုးနှင့်တုပ်နှောင်ခံရ၍ ဒုက္ခကြိုးများနှင့် ချည်နှောင်ခံရလျှင်လည်း
သေခြင်း၏နှောင်ကြိုးတို့သည် ငါ့ကိုရစ်ပတ်၍ မရဏာနိုင်ငံ၏ပြင်းပြသောဝေဒနာတို့သည် ငါ့အပေါ်ကျရောက်ကြ၏။ ငါသည် ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းခြင်းကိုတွေ့ကြုံရ၏။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
မရဏာကြိုးတို့သည် ငါ့ကို ပတ်စည်းထားပြီး သေမင်းထောင်ချောက်များလည်း ငါ့ကို ဆီးကြိုနေပါ၏။
ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။
ဂျေရုဆလင်မြို့အား စစ်မက်ဗိုလ်ခြေတို့ဝိုင်းရံကြသည်ကိုသင်တို့တွေ့မြင်ကြသောအခါ ထိုမြို့၏ပျက်စီးဆိတ်သုဉ်းခြင်းနီးကပ်လာပြီဖြစ်ကြောင်း သိမှတ်ကြလော့။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။