၂ ရာ 22:51 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။” Common Language Bible ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။ Garrad Bible နာ မ တော် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။ ခန့် ထား တော် မူ သော ဘု ရင်၊ ဘိ သိက် သွန်း တော် မူ သော ဒါ ဝိဒ် မှ စ၍ အ ဆက် အ နွယ် တို့ ကို အ ထူး ကယ် လွှတ် လျက် ကာ လ အ စဉ် မေ တ္တာ ကျေး ဇူး ပြု တော် မူ သည် ဟူ၍ တည်း။ Judson Bible ဘုရားသခင်သည် မိမိခန့်ထားသောမင်းကြီးကို ကယ်တင်သောရဲတိုက်ဖြစ်တော်မူ၏။ ဘိသိက်တော်ကိုခံရသော ဒါဝိဒ်မှစ၍ အမျိုးအနွယ်အား၊ ကာလအစဉ်အဆက် ကရုဏာကျေးဇူးကိုပြုတော်မူ၏။ |
ဒါဝိဒ်မင်းကြီးနောက်ဆုံးမိန့်ဆိုခဲ့သောစကား။ ယေရှဲ၏သား ဒါဝိဒ်မင်းကြီးမိန့်ဆိုခဲ့သောနိမိတ်စကား။ အမြင့်ဆုံးသို့ ချီးမြှောက်ခြင်းခံရသူ၊ ယာကုပ်၏ဘုရားသခင် ဘိသိက်ပေးထားသူ၊ အသာယာဆုံးအစ္စရေးသီချင်းကိုရေးစပ်သီဆိုသူ မိန့်ဆိုခဲ့သောနိမိတ်စကားများကား ဤသို့တည်း။
သင့်အမျိုးအနွယ်နှင့် သင့်နိုင်ငံသည် သင့်ရှေ့မှာ အစဉ်အမြဲတည်မြဲလိမ့်မည်။ သင်၏ရာဇပလ္လင်သည်လည်း အစဉ်အမြဲတည်လိမ့်မည်ဟု မိန့်တော်မူသည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
အို ထာဝရဘုရား၊ ဘုရင်မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိ၌ ဝမ်းမြောက်၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ အလွန်ရွှင်လန်းပါ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ဘုရားသခင်သည် ထိုမြို့၏ခံတပ်များတွင် ခိုကိုးရာဖြစ်ကြောင်း မိမိကိုယ်ကိုထင်ရှားစေတော်မူ၏။
ငါ၏အစေအပါးဒါဝိဒ်ကို ငါရှာတွေ့၍ ငါ၏သန့်ရှင်းသောဆီဖြင့် သူ့ကိုဘိသိက်ပေးပြီ။
ငါ၏သစ္စာနှင့် ငါ၏မေတ္တာကရုဏာသည် သူနှင့်အတူရှိလိမ့်မည်။ သူ၏ဦးချိုသည်လည်း ငါ၏နာမအားဖြင့် ချီးမြှောက်ခြင်းခံရလိမ့်မည်။
သူကလည်း ‘ကိုယ်တော်သည် အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ကယ်တင်ခြင်းကျောက်ဆောင် ဖြစ်တော်မူ၏’ဟု ငါ့ထံသို့ ဟစ်ခေါ်လိမ့်မည်။
ငါသည် သူ၏အမျိုးအနွယ်ကို ထာဝစဉ်တည်စေမည်။ သူ၏ရာဇပလ္လင်ကိုလည်း ကောင်းကင်နေ့ရက်များကဲ့သို့ တည်စေမည်။
သူ၏အမျိုးအနွယ်သည် အစဉ်အမြဲတည်လိမ့်မည်။ သူ၏ပလ္လင်သည်လည်း ငါ့ရှေ့တွင် နေကဲ့သို့ဖြစ်လိမ့်မည်။
“ငါ၏ခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါယုံကြည်ကိုးစားသော ငါ၏ဘုရားသခင်”ဟု ထာဝရဘုရားနှင့်ပတ်သက်၍ ငါဆို၏။
သူတို့၏ဘုရားသခင် ငါထာဝရဘုရားနှင့် သူတို့အတွက် ငါပေါ်ထွန်းစေမည့် သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကိုအစေခံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။