ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”
၂ ရာ 22:50 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။ Common Language Bible သို့ဖြစ်၍အကျွန်ုပ်သည်လူမျိုးတကာတို့ရှေ့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏ဂုဏ်တော်ကိုသီချင်းဆို ပါမည်။ Garrad Bible သို့ ဖြစ်၍ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင် အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ Judson Bible ထိုကြောင့် အိုထာဝရဘုရား၊ အကျွန်ုပ်သည် တစ်ပါးအမျိုးသားတို့တွင် ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကို ထောမနာသီချင်းဆိုပါမည်။ |
ကိုယ်တော်သည် မိမိခန့်ထားသောရှင်ဘုရင်အား ကြီးမားသောအောင်ပွဲများကိုခံစေပြီး မိမိဘိသိက်ပေးထားသောဒါဝိဒ်နှင့် သူ၏အမျိုးအနွယ်အား မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။”
အကြောင်းမူကား ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ကောင်းကင်ထိတိုင်အောင်ကြီးမား၍ ကိုယ်တော်၏သစ္စာတော်သည် မိုးတိမ်ထိတိုင်အောင်ရောက်ပါ၏။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်သည် လူမျိုးတကာတို့အလယ်၌ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကိုသီဆိုချီးမွမ်းပါမည်။
လူမျိုးခြားတို့သည်လည်း ကရုဏာတော်ကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြရန်ဖြစ်၏။ ဤသည်ကား ကျမ်းစာ၌ “ထို့ကြောင့် အကျွန်ုပ်သည် လူမျိုးခြားတို့အထဲတွင် ကိုယ်တော်ကိုထောမနာပြု၍ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းသီဆိုပါမည်”ဟု ရေးထားသည့်အတိုင်းဖြစ်၏။