Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 18:49 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ထို့ကြောင့် အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​၌ ကိုယ်တော်​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​၍ ကိုယ်တော်​၏​နာမ​တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လူ​မျိုး​တ​ကာ​တို့​၏ ရှေ့​တွင်​ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ပါ​မည်။ ကိုယ်​တော်​အား​ထော​မ​နာ​ပြု​သော သီ​ချင်း​ကို​ဆို​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 သို့ ဖြစ်၍၊ အို ထာ ဝ ရ ဘု ရား၊ ကျေး ဇူး တော် ကို လူ မျိုး ခြား တို့ ဘောင် တွင်၊ အ ကျွန်ုပ် ချီး မွမ်း ပါ မည်။ နာ မ တော့် ဂုဏ် ကို သီ ချင်း ဖွဲ့ ဆို ပါ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 ထို​ကြောင့် အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း၍၊ နာ​မ​တော်​ကို ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 18:49
11 ပူးပေါင်းရင်းမြစ်များ  

အို ဘုရားသခင်​၊ အကျွန်ုပ်​၏​စိတ်နှလုံး​သည် တည်ကြည်​ပါ​၏​။ အကျွန်ုပ်​သည် သီချင်းဆို​၍ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ဖြင့် သီဆိုချီးမွမ်း​ပါ​မည်​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင် ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ပါ​မည်​။ လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


အို ထာဝရဘုရား​၊ ကမ္ဘာမြေကြီး​ပေါ်​ရှိ ရှင်ဘုရင်​အပေါင်း​တို့​သည် ကိုယ်တော်​၏​နှုတ်​တော်​ထွက်​စကား​တို့​ကို ကြား​ရ​သည်​ဖြစ်၍ ကိုယ်တော်​၏​ကျေးဇူးတော်​ကို ချီးမွမ်း​ကြ​ပါ​လိမ့်မည်​။


အစ္စရေး​အတွက် ကယ်တင်​ခြင်း​သည် ဇိအုန်​မှ​ပေါ်ထွန်း​ပါစေသော​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​မိမိ​လူမျိုး​တော်​ကို ထာဝရဘုရား​ပြန်လာ​စေ​တော်မူ​သောအခါ ယာကုပ်​သည်​ရွှင်လန်း​ပါစေ​။ အစ္စရေး​သည်​ဝမ်းမြောက်​ပါစေ​။


သို့ဖြစ်၍ အကျွန်ုပ်​၏​ဝိညာဉ်​သည် တိတ်ဆိတ်​စွာ​မ​နေ​ဘဲ ကိုယ်တော်​ကို​သီဆိုချီးမွမ်း​ပါ​မည်​။ အို အကျွန်ုပ်​၏​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကျေးဇူးတော်​ကို အစဉ်အမြဲ​ချီးမွမ်း​ပါ​မည်​။


အို ဘုရားရှင်​၊ အကျွန်ုပ်​သည် လူမျိုးတကာ​တို့​အလယ်​တွင် ကိုယ်တော်​ကို​ချီးမွမ်း​ပါ​မည်​။ လူ​တို့​အလယ်​တွင် ကိုယ်တော်​ကို သီဆိုချီးမွမ်း​ပါ​မည်​။


ထို့နောက် သူ​တို့​သည် ချီးမွမ်း​သီချင်း​သီဆို​ပြီးမှ သံလွင်​တောင်​သို့​ထွက်သွား​ကြ​၏။


လူမျိုးခြား​တို့​သည်​လည်း ကရုဏာ​တော်​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​ဖြစ်​၏။ ဤသည်ကား ကျမ်းစာ​၌ “ထို့ကြောင့် အကျွန်ုပ်​သည် လူမျိုးခြား​တို့​အထဲတွင် ကိုယ်တော်​ကို​ထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​သီဆို​ပါ​မည်”​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


ခပ်သိမ်း​သော​အရာ​တို့​အား အသက်​ကို​ပေး​တော်မူ​သော ဘုရားသခင်​၏​ရှေ့​တော်​၌​လည်းကောင်း၊ ပုန္တိ​ပိလတ်​ရှေ့တွင် သက်သေခံ​သောအခါ ကောင်း​သော​ဝန်ခံ​ချက်​ကို​ပေး​တော်မူ​သော ခရစ်တော်​ယေရှု​၏​ရှေ့​တော်​၌​လည်းကောင်း သင့်​အား ငါ​ညွှန်ကြား​သည်​ကား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ