၂ ရာ 22:33 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။ Common Language Bible ဤဘုရားကားငါခိုလှုံရာခိုင်ခံ့သည့် ရဲတိုက်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါလိုက်လျှောက်ရာ ခရီးလမ်းကိုဘေးမဲ့လုံခြုံစေတော်မူ၏။ Garrad Bible ငါ့ ခံ တပ် ဖြစ် သော ဘု ရား သ ခင် သည် စုံ လင် သူ တို့ အား နည်း လမ်း တော် ကို ပြ တော် မူ၏။ Judson Bible ထိုဘုရားသခင်သည် ငါ၏ခွန်အား၊ ငါ၏တန်ခိုးဖြစ်၍ ငါသွားရာလမ်းကို ဖြောင့်စေတော်မူ၏။ |
သင်၏ဖြောင့်မတ်ခြင်းသည် အနန္တတန်ခိုးရှင်ကို နှစ်သက်စေမည်လော။ သင်၏အပြစ်ကင်းသောအပြုအမူများသည်လည်း ကိုယ်တော့်ကို အကျိုးစီးပွားဖြစ်စေမည်လော။
စုံလင်သောတရားလမ်းကို ဂရုပြုပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့်အချိန်မှ ကြွလာတော်မူမည်နည်း။ အကျွန်ုပ်သည် မိမိအိမ်ထဲ၌ တည်ကြည်သော စိတ်နှလုံးဖြင့် အသက်ရှင်လျှောက်လှမ်းပါမည်။
သစ္စာရှိသောပြည်သားတို့သည် အကျွန်ုပ်နှင့်အတူနေထိုင်ရမည့်အကြောင်း သူတို့ကိုအကျွန်ုပ်ကြည့်ရှုပါမည်။ စုံလင်သောတရားလမ်း၌ လျှောက်လှမ်းသောသူသည် အကျွန်ုပ်၏အမှုကို ဆောင်ရွက်ရပါလိမ့်မည်။
ထာဝရဘုရား၏တရားတော်အတိုင်း အသက်ရှင်လျှောက်လှမ်း၍ စုံလင်သောတရားလမ်းကိုလိုက်သောသူတို့သည် မင်္ဂလာရှိကြ၏။
ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရမည်နည်း။ ထာဝရဘုရားသည် ငါ့အသက်၏ မှီခိုရာဖြစ်တော်မူ၏။ ငါသည် မည်သူ့ကိုကြောက်ရွံ့ရမည်နည်း။
ငါသည် သင့်ကိုပညာသတိရှိစေ၍ သင်သွားရမည့်လမ်းကိုသွန်သင်ပြသမည်။ သင့်ကိုကြည့်ရှုလျက် အကြံပေးမည်။
ဘုရားသခင်သည် ငါတို့၏ခိုလှုံရာနှင့် အစွမ်းသတ္တိဖြစ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်သောအခါ အမှန်တကယ်တွေ့ရသည့် ကူညီမစသောအရှင်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
ငါ ထာဝရဘုရားကြောင့် သူတို့သည် အားပြည့်၍ ငါ့နာမတော်၌ အသက်ရှင်လျှောက်လှမ်းကြလိမ့်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် ကိုယ်တော်က“ငါ၏ကျေးဇူးတော်သည် သင့်အတွက်လုံလောက်ပေ၏။ အကြောင်းမူကား ငါ၏တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ ပြည့်စုံတတ်၏”ဟု ငါ့အား မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်တည်နေမည့်အကြောင်း ငါသည် ငါ၏အားနည်းခြင်း၌ သာ၍ဝမ်းမြောက်စွာဝါကြွားမည်။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ရှေ့တော်၌နှစ်သက်ဖွယ်သောအမှုကို ယေရှုခရစ်တော်အားဖြင့် ငါတို့တွင်ပြုတော်မူ၍ ကိုယ်တော်၏အလိုတော်ကို သင်တို့ဆောင်ရွက်နိုင်ရန် ကောင်းသောအမှုအမျိုးမျိုးတို့ဖြင့် သင်တို့ကိုပြည့်စုံစေတော်မူပါစေသော။ ထိုသခင်၌ ကမ္ဘာအဆက်ဆက်ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။