အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
၂ ရာ 21:22 - မြန်မာ့စံမီသမ္မာကျမ်း ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။ Common Language Bible ဤလူလေးယောက်တို့သည်ဂါသမြို့ရှိထွား ကျိုင်းသူများအမျိုးအနွယ်မှဆင်းသက် ပေါက်ဖွားလာသူများဖြစ်ကြ၏။ သူတို့ သည်ဒါဝိဒ်နှင့်နောက်ပါတို့၏လက်ရုံးရည် ဖြင့်ကျဆုံးရကြလေသတည်း။ Garrad Bible ဒါ ဝိဒ် မင်း နှင့် နောက် ပါ တို့ လက် ရုံး ရည် ဖြင့် ကျ ဆုံး သော ထို လေး ယောက် တို့ အား ဂါ သ မြို့ နေ ရေ ဖိမ်၏ အ နွယ် ဖြစ် ကြ သ တည်း။ Judson Bible ထိုသူလေးယောက်တို့သည် ဂါသမြို့၌နေသော ရေဖိမ်လူကြီး၏သားဖြစ်၍၊ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။ |
အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
ဖြောင့်မတ်သောသူတို့၏တဲများ၌ ရွှင်လန်းစွာကြွေးကြော်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
တစ်ဖန် နေအောက်တွင် ငါပြန်၍တွေ့မြင်သည်ကား ပြိုင်ပွဲသည် လျင်မြန်သောသူတို့အတွက်သာမဟုတ်။ စစ်ပွဲသည် ခွန်အားကြီးသောသူတို့အတွက်သာမဟုတ်။ အစားအစာသည် ပညာရှိသောသူတို့အတွက်သာမဟုတ်။ ဓနဥစ္စာသည် အသိဉာဏ်ရှိသောသူတို့အတွက်သာမဟုတ်။ မျက်နှာရခြင်းသည်လည်း တတ်သိနားလည်သောသူတို့အတွက်သာမဟုတ်။ အကြောင်းမူကား အချိန်ကာလနှင့်အကြောင်းတိုက်ဆိုင်မှုသည် ထိုသူအားလုံးတို့၌ ရောက်လာတတ်၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
သို့ဖြစ်လျှင် ဤအရာများကိုထောက်၍ မည်သို့ဆိုရမည်နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် မည်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။
သို့သော် ငါတို့သည် ငါတို့ကိုချစ်တော်မူသောအရှင်အားဖြင့် ထိုအမှုခပ်သိမ်းတို့ကိုခံရစဉ်၌ပင် လုံးလုံးလျားလျားအောင်မြင်လျက်ရှိကြ၏။
ထို့ကြောင့် ထိုနေ့က ထာဝရဘုရား ကတိထားတော်မူခဲ့သော ဤတောင်ပေါ်ဒေသကို အကျွန်ုပ်အား ပေးပါလော့။ ထိုနေရာ၌ အာနကလူမျိုးများနေထိုင်ကြကြောင်း၊ ကြီးမားခိုင်ခံ့သောမြို့များရှိကြောင်း ထိုနေ့က သင်ကြားသိခဲ့ရပါ၏။ သို့သော် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ပါရှိတော်မူသဖြင့် ထာဝရဘုရားအမိန့်တော်အတိုင်း ထိုသူတို့ကို နှင်ထုတ်ပါမည်”ဟု ဆိုလေ၏။