အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
၂ ရာ 21:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက်တွင် ဂေါဘမြို့၌ ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲထပ်ဖြစ်ပြန်ရာ ဟုရှသိလူမျိုး သိဗေခဲသည် ရေဖိမ်အနွယ်ဝင် သာဖကို သတ်လိုက်၏။ Common Language Bible ထိုနောက်ဂေါဘမြို့တွင်ဖိလိတ္တိအမျိုး သားတို့နှင့်တစ်ဖန်တိုက်ပွဲဖြစ်ပြန်ရာ ဟုရှ မြို့သားသိဗေခဲသည်သာဖနာမည်ရှိ အလွန်ထွားကျိုင်းသူကိုသတ်ဖြတ်လိုက် လေသည်။ Garrad Bible ထို နောက် ဂေါ ဘ မြို့ တွင် ဖိ လိ တ္တိ လူ မျိုး ကို စစ် တိုက် ကြ ပြန် ရာ ဟု ရှ မြို့ သား သိ ဗေ ခဲ သည် ရေ ဖိမ့် အ နွယ် သာ ဖ ကို သတ် လေ၏။ Judson Bible နောက်တစ်ဖန် ဂေါဘမြို့မှာ ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ဟုရှသိလူသိဗေခဲသည် ရေဖိမ်အမျိုးသာဖကို သတ်လေ၏။ |
အသစ်သောချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး ရှယ်ကယ်သုံးရာလေးသောကြေးနီလှံတံကိုကိုင်ဆောင်သည့် ရေဖိမ်အနွယ်ဝင် ဣရှဗိဗေနုပ်သည် ဒါဝိဒ်မင်းကြီးကို သတ်မည်ပြု၏။
ထို့နောက်တွင် ဂါသမြို့၌ တိုက်ပွဲထပ်ဖြစ်ပြန်ရာ လက်တစ်ဖက်တွင်လက်ချောင်းခြောက်ချောင်း၊ ခြေတစ်ဖက်တွင်ခြေချောင်းခြောက်ချောင်း စုစုပေါင်းလက်ချောင်းခြေချောင်း နှစ်ဆယ့်လေးချောင်းရှိပြီး ခန္ဓာထွားကျိုင်းသော ရေဖိမ်အနွယ်ဝင်လူတစ်ဦးက
ရေဖိမ်အနွယ်ဝင် ထိုဂါသမြို့သားလေးဦးတို့သည် ဒါဝိဒ်မင်းကြီးနှင့် သူ့စစ်သူရဲတို့၏လက်ချက်ဖြင့် ကျဆုံးကုန်ကြ၏။
အဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောအဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ ဇေရအမျိုးသား ဟုရှသိလူမျိုး သိဗေခဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။