ထို့နောက် ယွာဘက မိမိလူတို့ အစ္စရေးအမျိုးသားတို့နောက်သို့ ဆက်မလိုက်ရန် တံပိုးကို မှုတ်သဖြင့် သူတို့လည်း ဆက်မလိုက်တော့ဘဲ ပြန်လာကြလေ၏။
၂ ရာ 20:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုမိန်းမသည် အမြော်အမြင်ရှိသူပီပီ မြို့သားတို့ထံသွား၍ကြားပြောရာ သူတို့သည်လည်း ဗိခရိ၏သား ရှေဘ၏ခေါင်းကိုဖြတ်ပြီး ယွာဘထံ ပစ်ချ၏။ ယွာဘသည်လည်း တံပိုးမှုတ်လိုက်လျှင် သူ့လူတို့သည် မြို့မှထွက်ခွာ၍ အသီးသီးကိုယ့်အိမ်သို့ပြန်သွားကြ၏။ ယွာဘမူကား ရှင်ဘုရင်ရှိရာ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။ Common Language Bible မြို့သူမြို့သားများထံသွား၍အကြံပေး၏။ သူတို့သည်ရှေဘ၏ဦးခေါင်းကိုဖြတ်ပြီး လျှင် တံတိုင်းကိုကျော်၍ယွာဘထံသို့ပစ် ပေးကြ၏။ ယွာဘသည်တံပိုးခရာမှုတ် လိုက်သောအခါသူ၏လူအပေါင်းတို့သည် ထိုမြို့မှထွက်ခွာကာမိမိတို့နေရပ်သို့ ပြန်ကြကုန်၏။ ယွာဘသည်လည်းယေရု ရှလင်မြို့ဘုရင့်ထံတော်သို့ပြန်လေ၏။ Garrad Bible ထို မိန်း မ သည် ပ ညာ ရှိ သည့် အ တိုင်း မြို့ သူ မြို့ သား တို့ ထံ သွား ရောက် နှိုး ဆော် ပြီး လျှင် ဗိ ခ ရိ သား ရှေ ဘ၏ ဦး ခေါင်း ကို ဖြတ်၍ ယွာ ဘ ရှိ ရာ ပစ် ချ လိုက် သော အ ခါ ယွာ ဘ တံ ပိုး မှုတ် သ ဖြင့် တပ် သား တို့ သည် အ သီး အ သီး နေ အိမ် သို့ ပြန် လျက် ယွာ ဘ လည်း ယေ ရု ရှ လင် မြို့၊ ဒါ ဝိဒ် မင်း ထံ ပြန် သွား လေ ၏။ Judson Bible ထိုမိန်းမသည် ပညာရှိသည်အတိုင်း မြို့သားတို့ရှိရာသို့သွားပြီးလျှင်၊ သူတို့သည် ဗိခရိသားရှေဘ၏ ဦးခေါင်းကိုဖြတ်၍ ယွာဘရှေ့သို့ ပစ်ချကြ၏။ ယွာဘသည်လည်း တံပိုးမှုတ်သဖြင့်၊ လူများတို့သည် ထိုမြို့မှ မိမိတို့နေရာသို့ ပြန်သွားကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့၊ ရှင်ဘုရင်ထံတော်သို့ ပြန်သွား၏။ |
ထို့နောက် ယွာဘက မိမိလူတို့ အစ္စရေးအမျိုးသားတို့နောက်သို့ ဆက်မလိုက်ရန် တံပိုးကို မှုတ်သဖြင့် သူတို့လည်း ဆက်မလိုက်တော့ဘဲ ပြန်လာကြလေ၏။
ထို့နောက် အဗရှလုံ၏အလောင်းကိုဆွဲချပြီး တောထဲရှိတွင်းကြီးတစ်တွင်းထဲသို့ပစ်ချကာ သူ့အပေါ်တွင် ကျောက်ပုံကြီးပုံထားကြ၏။ အစ္စရေးအမျိုးသားအပေါင်းတို့လည်း အသီးသီး မိမိတို့နေရာသို့ ပြန်ပြေးကြလေ၏။
ထို့နောက် ယွာဘသည် တံပိုးကိုမှုတ်လိုက်လျှင် လူအပေါင်းတို့လည်း ရပ်တန့်သွားကြပြီး အစ္စရေးလူမျိုးတို့နောက်ကို ဆက်မလိုက်ကြတော့ပေ။ တိုက်ပွဲလည်း ထပ်မဖြစ်တော့ပေ။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ထိုအခါ အမြော်အမြင်ရှိသောမိန်းမတစ်ဦးက မြို့ထဲမှနေ၍ “နားထောင်ကြ၊ နားထောင်ကြ။ ယွာဘအား ‘သင်နှင့်စကားပြောနိုင်ဖို့ ဤနေရာသို့ လာပါ’ဟူ၍ ပြောလော့”ဟု ဟစ်အော်၏။
ဉာဏ်ပညာသည် ပညာရှိသောသူကို မြို့ထဲ၌ရှိသောအုပ်ချုပ်သူဆယ်ဦးထက် ပို၍အားကြီးစေတတ်၏။
မကောင်းသောအမှုအတွက် စီရင်ချက်အလျင်အမြန်မချမှတ်သောကြောင့် လူသားတို့၏စိတ်နှလုံးသည် မကောင်းမှုပြုလိုသောသဘောနှင့် ပြည့်ဝလျက်ရှိ၏။