ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။
၂ ရာ 20:15 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘနှင့်သူ၏အပေါင်းပါတို့သည် လာ၍ ရှေဘတည်းခိုနေသောအာဗေလဗက်မာခါမြို့ကိုဝိုင်းထားကြ၏။ ထို့နောက် မြို့တံတိုင်းအပြင်ဘက်တွင် မြေကတုတ်ဖို့၍ မြို့ရိုးကို ဖြိုချဖျက်ဆီးကြ၏။ Common Language Bible ယွာဘ၏လူတို့သည်လည်းရောက်ရှိလာကြ လျက်မြို့ထဲတွင် ရှေဘခိုနေကြောင်းကြား၍ မြို့ကိုဝိုင်းရံထားကြလေသည်။ သူတို့သည် မြို့အပြင်တံတိုင်းကိုကပ်၍ မြေကတုတ် များဖို့ကာမြို့ရိုးပြိုကျစေရန်တံတိုင်း အောက်မြေကိုတူးကြ၏။- Garrad Bible ယွာ ဘ နှင့် လိုက် ပါ သူ တို့ သည် ထို မြို့ ကို ဝိုင်း ထား ပြီး လျှင် အ ပြင် မြို့ ရိုး သို့ ကပ် အောင် က တုတ် လှန် လျက် မြို့ ရိုး ကို ဖြို လှဲ ရန် အ ကြံ နှင့် တူး ဆွ ကြ ရာ၊ Judson Bible ရှေဘတည်းခိုသော ဗက်မာခပြည်၊ အာဗေလမြို့ကို ဝိုင်းထား၍၊ ပြင်မြို့ရိုးတစ်ဖက်တစ်ချက်၌ မြေရိုးကိုဖို့ကြ၏။ ယွာဘနှင့် သူ၏လူအပေါင်းတို့သည် မြို့ရိုးကို ဖြိုခြင်းငှာ ထိုးဖောက်ကြ၏။ |
ရှေဘသည် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ရှိရာသို့သွား၏။ အာဗေလမြို့၊ ဗက်မာခမြို့နှင့် ဗေရိမြို့သားအပေါင်းတို့ထံသို့လည်း ရောက်၏။ ထိုသူတို့သည် စုရုံးကြပြီး ရှေဘနောက်သို့လိုက်ကြ၏။
ဗင်္ဟာဒဒ်မင်းကြီးသည် အာသမင်းကြီး၏စကားကိုလက်ခံပြီး မိမိတပ်မှူးကြီးများကို အစ္စရေးမြို့များသို့စေလွှတ်၍ ဣယုန်မြို့၊ ဒန်မြို့၊ အာဗေလဗက်မာခါမြို့မှစ၍ ဂင်နေသရက်နယ်တစ်နယ်လုံးနှင့် နဿလိနယ်တစ်နယ်လုံးကို သွားရောက်တိုက်ခိုက်စေ၏။
အစ္စရေးဘုရင်ပေကာမင်းကြီးလက်ထက်တွင် အဆီးရီးယားဘုရင်တိဂလတ်ပိလေသာမင်းကြီးသည် စစ်ချီလာ၍ ဣယုန်မြို့၊ အာဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့၊ ဂိလဒ်ပြည်၊ ဂါလိလဲပြည်နှင့် နဿလိပြည်တစ်ပြည်လုံးကို သိမ်းယူပြီး ပြည်သူပြည်သားတို့ကို အဆီးရီးယားပြည်သို့ ဖမ်းခေါ်သွား၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ဤအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။
လူအနည်းငယ်သာရှိသောမြို့ငယ်တစ်မြို့ရှိ၏။ ကြီးမြတ်သောရှင်ဘုရင်တစ်ပါးသည် ထိုမြို့ကိုတိုက်ရန် ချီတက်လာ၍ ထိုမြို့ကိုဝိုင်းရံထားကာ မြို့ပတ်လည်၌ ကြီးမားသောကတုတ်ကို တည်ဆောက်လေ၏။
ထို့ကြောင့် ထာဝရဘုရားသည် အဆီးရီးယားဘုရင်ကို ရည်ညွှန်း၍ ‘သူသည် ဤမြို့သို့ဝင်ရမည်မဟုတ်။ ထိုအရပ်၌ မြားကိုပစ်ရမည်မဟုတ်။ ဤမြို့ရှေ့သို့ ဒိုင်းလွှားဖြင့် ချဉ်းကပ်ရမည်မဟုတ်။ မြေကတုတ်လည်း ဆောက်ရမည်မဟုတ်’ဟု မိန့်တော်မူ၏။
ကြည့်ရှုတော်မူပါ။ မြို့ကိုသိမ်းယူရန် မြေကတုတ်ကို တည်ဆောက်ကြပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ကြောင့် ဤမြို့သည် တိုက်ခိုက်လာသောခါလဒဲတပ်၏လက်သို့ ရောက်ရလိမ့်မည်။ ကြည့်ရှုတော်မူပါ။ မိန့်တော်မူသည့်အတိုင်း ဖြစ်လာသည်ကို ကိုယ်တော်မြင်တော်မူပါ၏။
ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ကိုတိုက်ခိုက်ရန် သစ်ပင်ကိုခုတ်လှဲ၍ မြေကတုတ်ဖို့ကြလော့။ ဤမြို့သည် ဒဏ်ခတ်ခံရမည့်မြို့ဖြစ်၏။ မြို့ထဲတွင် ဖိနှိပ်ချုပ်ချယ်မှုဖြင့် ပြည့်၏။
ထို့ပြင် ထိုမြို့ကို ဝိုင်းထားသောပုံ၊ ခံတပ်ကိုတည်ထားသောပုံ၊ မြေကတုတ်ကိုလုပ်ထားသောပုံ၊ တပ်စခန်းချ၍ မြို့ပတ်ပတ်လည်တွင် တုံးမောင်းတို့ကိုချထားသောပုံကို လုပ်လော့။
အကြောင်းမူကား သင်၏ရန်သူတို့သည် ကတုတ်တည်၍ သင့်ကိုဝိုင်းရံလျက် အဘက်ဘက်မှ သင့်ကိုပိတ်ဆို့ထားကာ