အဗရှလုံသည် အာမသကို ဗိုလ်ချုပ်ယွာဘနေရာတွင် ခန့်ထား၏။ အာမသသည် ယွာဘ၏မိခင်၊ ဇေရုယာ၏ညီမ၊ နာဟတ်၏သမီး အဘိဂဲလနှင့်ပေါင်းသင်းသော ယေသာအမည်ရှိ အစ္စရေးအမျိုးသားတစ်ဦး၏သားဖြစ်၏။
၂ ရာ 20:12 - မြန်မာ့စံမီသမ္မာကျမ်း အာမသသည် လမ်းအလယ် သွေးအိုင်ထဲတွင် လဲကျနေ၏။ လမ်းသွားလမ်းလာသူတို့ သူ့နားရောက်လာလျှင် ရပ်၍ကြည့်နေကြ၏။ လုလင်တစ်ဦးက ထိုသို့ ထိုနေရာသို့ရောက်လာသောသူတိုင်း ရပ်ကြည့်နေသည်ကို မြင်လျှင် အာမသကို လမ်းမဘေးရှိလယ်ကွင်းထဲသို့ ဆွဲသွားပြီး သူ့ကို အဝတ်နှင့်ဖုံးထားလိုက်၏။ Common Language Bible အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။- Judson Bible အာမသသည် လမ်းမအလယ်တွင် မိမိအသွေး၌ လူးလျက်ရှိ၏။ လမ်း၌ သွားလာသောသူ အပေါင်းတို့သည် ရပ်၍ နေကြသည်ကို ယွာဘ၏လူမြင်သောအခါ၊ အာမသကို လမ်းမကယူ၍ လယ်ပြင်သို့ရွှေ့ပြီးလျှင် အဝတ်နှင့်ဖုံးလေ၏။ |
အဗရှလုံသည် အာမသကို ဗိုလ်ချုပ်ယွာဘနေရာတွင် ခန့်ထား၏။ အာမသသည် ယွာဘ၏မိခင်၊ ဇေရုယာ၏ညီမ၊ နာဟတ်၏သမီး အဘိဂဲလနှင့်ပေါင်းသင်းသော ယေသာအမည်ရှိ အစ္စရေးအမျိုးသားတစ်ဦး၏သားဖြစ်၏။
အာသဟေလသည် ပြန်မလှည့်ဘဲဆက်၍လိုက်နေသောကြောင့် အာဗနာသည် သူ့ကို လှံဖြင့် နောက်ပြန်ထိုးလိုက်ရာ လှံသည် ဝမ်းဗိုက်မှ နောက်ကျောအထိ ထုတ်ချင်းပေါက်သွားပြီး သူသည် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားလေ၏။ အာသဟေလ လဲကျသေဆုံးသောနေရာသို့ ရောက်လာသူအားလုံးလည်း ရပ်တန့်သွားကြ၏။
ယွာဘ၏နောက်လိုက်လုလင်တစ်ဦးသည် အာမသအနီးတွင်ရပ်လျက် “ယွာဘနှင့် ဒါဝိဒ်မင်းကြီးဘက်ပါသောသူ မည်သူမဆို ယွာဘနောက်သို့လိုက်ကြလော့”ဟု အော်ပြော၏။
ထိုသို့ အာမသကို လမ်းမမှရွှေ့လိုက်ပြီးမှ လူအပေါင်းတို့သည် ဗိခရိ၏သား ရှေဘကိုဆက်လိုက်ရန် ယွာဘနောက်သို့ လိုက်သွားကြလေ၏။
သို့သော် အို ဘုရားသခင်၊ ကိုယ်တော်သည် ထိုသူတို့ကို ပုပ်ပျက်ရာတွင်းထဲသို့ဆင်းသွားစေတော်မူ၏။ သွေးဆာသောသူနှင့် လိမ်လည်လှည့်ဖြားသော သူတို့သည် မိမိတို့နေ့ရက်ကာလ၏ထက်ဝက်မျှပင် အသက်ရှင်ရမည်မဟုတ်။ အကျွန်ုပ်မူကား ကိုယ်တော်ကိုယုံကြည်ကိုးစားပါမည်။
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)