Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 20:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 ထိုသို့ အာမသ​ကို လမ်းမ​မှ​ရွှေ့လိုက်​ပြီးမှ လူ​အပေါင်း​တို့​သည် ဗိခရိ​၏​သား ရှေဘ​ကို​ဆက်လိုက်​ရန် ယွာဘ​နောက်​သို့ လိုက်သွား​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 လမ်း​ပေါ်​မှ​အ​လောင်း​ကို​ဖယ်​ရှား​လိုက်​သော အ​ခါ လူ​အ​ပေါင်း​တို့​သည်​ရှေ​ဘ​အား​လိုက် လံ​ဖမ်း​ဆီး​ရန်​ယွာ​ဘ​၏​နောက်​သို့​လိုက်​သွား ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 ထို သို့ ရွှေ့ ထား ပြီး မှ တပ် သား အ ပေါင်း တို့ သည် ယွာ ဘ နောက် လိုက် ချီ၍ ဗိ ခ ရိ သား ရှေ ဘ ကို လိုက် လံ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ထို​သို့ လမ်း​မ​က​ရွှေ့​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ယွာ​ဘ​နှင့်​အ​တူ ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​သွား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 20:13
14 ပူးပေါင်းရင်းမြစ်များ  

ဂိလဂါလ​မြို့​တွင် ဗင်္ယာမိန်​အမျိုးသား ဗိခရိ​၏​သား​ဖြစ်​သူ ရှေဘ​အမည်​ရှိ​သော ဆိုးညစ်​သူ တစ်ဦး​ရှိ​၏​။ သူ​သည် တံပိုး​ကို​မှုတ်​၍ “​ဒါဝိဒ်​၌ ငါ​တို့ ဝေစု​မ​ရှိ​။ ယေရှဲ​၏​သား​၌ ငါ​တို့ အမွေခံစရာ​မ​ရှိ​။ အို အစ္စရေး​လူမျိုး​တို့​၊ ကိုယ့်​အိမ်​သို့ ကိုယ်​ပြန်​ကြ​”​ဟု ဆို​၏​။


ယွာဘ​၏​နောက်လိုက်​လုလင်​တစ်​ဦး​သည် အာမသ​အနီး​တွင်​ရပ်​လျက် “​ယွာဘ​နှင့် ဒါဝိဒ်​မင်းကြီး​ဘက်​ပါ​သော​သူ မည်သူမဆို ယွာဘ​နောက်​သို့​လိုက်​ကြ​လော့​”​ဟု အော်ပြော​၏​။


ရှေဘ​သည် အစ္စရေး​အမျိုးအနွယ်​အပေါင်း​တို့​ရှိ​ရာ​သို့​သွား​၏​။ အာဗေလ​မြို့​၊ ဗက်မာခ​မြို့​နှင့် ဗေရိ​မြို့သား​အပေါင်း​တို့​ထံသို့​လည်း ရောက်​၏​။ ထို​သူ​တို့​သည် စုရုံး​ကြ​ပြီး ရှေဘ​နောက်သို့​လိုက်​ကြ​၏​။


အဆီးရီးယား​ဘုရင်​သည် တာတန်​၊ ရာဗသာရိတ်​၊ ရာဗရှာခ​တို့​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​သဖြင့် သူ​တို့​သည် ဂျေရုဆလင်​မြို့​သို့ ချီ​သွား​ကြ​၏​။ သူ​တို့ ရောက်​သွား​သောအခါ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​ပြီး


ဖြောင့်မှန်​သော​သူ​တို့​၏​လမ်း​သည် မကောင်းမှု​မှ​ဖယ်ခွာ​ခြင်း​ဖြစ်​၏​။ မိမိ​သွား​ရာ​လမ်း​ကို ထိန်းသိမ်းစောင့်ရှောက်​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ထိန်း​သော​သူ​ဖြစ်​၏​။


အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို စစ်သည်​အလုံးအရင်း​နှင့်တကွ လာခိရှ​မြို့​မှ ဂျေရုဆလင်​မြို့​ရှိ​ဟေဇကိ​မင်းကြီး​ထံသို့ စေလွှတ်​လေ​၏​။ ရာဗရှာခ​သည် ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​နားတွင် တပ်ချ​လေ​၏​။


ဖြတ်သွား​ကြ​။ မြို့​တံခါး​ကို ဖြတ်သွား​ကြ​။ လူမျိုးတကာ​တို့​သွား​ရာ​လမ်း​ကို​ပြင်​ကြ​။ ဖို့​ကြ​။ လမ်းမကြီး​ကို​ဖို့​ကြ​။ ကျောက်ခဲ​ကို​ဖယ်​ကြ​။ လူမျိုးတကာ​တို့​အတွက် အချက်ပြအလံ​ကို​လွှင့်ထူ​ကြ​။


ထိုအခါ ထာဝရဘုရား​က ဟေရှာယ​အား “​သင်​သည် သင်​၏​သား​ရှာယာရှုပ်​နှင့်အတူ ခဝါသည်​၏​လယ်​သို့​သွား​သော​လမ်းမကြီး​တွင်​ရှိ​သည့် အထက်​ရေကန်​ရေသွယ်မြောင်း​အဆုံး​၌ အာခတ်​မင်းကြီး​နှင့် သွားရောက်​တွေ့ဆုံ​၍


မှတ်တိုင်​များ​ကို စိုက်သွား​လော့​။ ကျောက်ပုံ​များ​ဖြင့် အမှတ်အသားပြု​သွား​လော့​။ သင်​သွား​သော​လမ်းမကြီး​ကို သင့်​စိတ်​ထဲ၌ မှတ်သား​သွား​လော့​။ အို အစ္စရေး​အပျိုကညာ​၊ ပြန်လာ​လော့​။ ဤ​မြို့​များ​သို့ ပြန်လာ​လော့​။


အစ္စရေး​အမျိုးသား​တို့​က​လည်း “​အကျွန်ုပ်​တို့​သည် ရှင်ဘုရင်​လမ်းမ​အတိုင်း​သာ သွား​ပါ​မည်​။ အကျွန်ုပ်​တို့​နှင့်​အကျွန်ုပ်​တို့​၏​တိရစ္ဆာန်​တို့​သည် အရှင်​၏​ရေ​ကို​သောက်​မိ​လျှင် အဖိုးအခ​ကို​ပေး​ပါ​မည်​။ ခြေ​ဖြင့်​ဖြတ်သွား​ရုံသာ​ဖြတ်သွား​ပါ​မည်​”​ဟု ပြန်လျှောက်​၏​။


ထို့နောက် သူ​တို့​သည် ဂျေရိခေါ​မြို့​သို့​ရောက်လာ​ကြ​၏။ ကိုယ်တော်​သည် တပည့်​တော်​တို့​နှင့်အတူ များစွာ​သော​လူထု​ပရိသတ်​ပါ​လျက် ဂျေရိခေါ​မြို့​မှ​ထွက်ခွာ​တော်မူ​စဉ် တိမဲ​၏​သား ဗာတိမဲ​အမည်ရှိ​သော မျက်မမြင် သူတောင်းစား​တစ်​ဦး​သည် လမ်း​ဘေး​တွင်​ထိုင်​လျက်​နေ​၏။


တစ်ဖန် သူ​တို့​က “ကြည့်​ပါ​။ ဗေသလ​မြို့​မြောက်ဘက်​၊ ဗေသလ​မြို့​မှ​ရှေခင်​မြို့​သို့​တက်သွား​သော​လမ်း​အရှေ့ဘက်​၊ လေဗောန​မြို့​တောင်ဘက်​တွင်​ရှိ​သော ရှိလော​မြို့​၌ နှစ်စဉ် ထာဝရဘုရား​အဖို့ ပွဲတော်​ကျင်းပ​လေ့​ရှိ​၏​”​ဟု ဆို​၍


နွားမ​တို့​သည် ဗက်ရှေမက်​လမ်း​အတိုင်း လမ်းမ​တစ်လျှောက် လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့ မ​လွဲ​ဘဲ အော်မြည်​လျက် တည့်တည့်​တက်သွား​၏​။ ဖိလိတ္တိ​မင်း​တို့​သည်​လည်း ဗက်ရှေမက်​နယ်နိမိတ်​တိုင်အောင် အနောက်မှ လိုက်သွား​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ