ထို့နောက် အာဗနာက “ငါ့ကို မလိုက်တော့နှင့်။ ဝဲဘက်ဖြစ်စေ၊ ယာဘက်ဖြစ်စေ လှည့်၍ လုလင်တစ်ယောက်ယောက်ကိုလိုက်ဖမ်းပြီး သူ့ထံမှလက်နက်ပစ္စည်းများကို သိမ်းယူပါလော့”ဟု ဆိုသော်လည်း အာသဟေလသည် ပြန်မလှည့်ဘဲ ဆက်၍သာလိုက်၏။
၂ ရာ 2:22 - မြန်မာ့စံမီသမ္မာကျမ်း အာဗနာကလည်း အာသဟေလအား “ပြန်လှည့်သွားလော့။ ငါ့ကို မလိုက်နှင့်။ အဘယ်ကြောင့် သင့်ကို ငါသတ်ရမည်နည်း။ သင့်ကိုသတ်မိလျှင် သင့်အစ်ကို ယွာဘကို ငါမည်သို့မျက်နှာပြရမည်နည်း”ဟု ထပ်ပြော၏။ Common Language Bible အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။- Judson Bible တစ်ဖန် အာဗနာက ငါ့ကိုမလိုက်နှင့်။ လှည့်သွားတော့။ သင့်ကို မြေပေါ်သို့အဘယ်ကြောင့် ငါလှဲရမည်နည်း။ သို့ပြုလျှင် သင့်အစ်ကိုယွာဘရှေ့မှာ ငါ့မျက်နှာကို အဘယ်သို့ ငါပြနိုင်မည်နည်းဟု ဆိုသော်လည်း၊ |
ထို့နောက် အာဗနာက “ငါ့ကို မလိုက်တော့နှင့်။ ဝဲဘက်ဖြစ်စေ၊ ယာဘက်ဖြစ်စေ လှည့်၍ လုလင်တစ်ယောက်ယောက်ကိုလိုက်ဖမ်းပြီး သူ့ထံမှလက်နက်ပစ္စည်းများကို သိမ်းယူပါလော့”ဟု ဆိုသော်လည်း အာသဟေလသည် ပြန်မလှည့်ဘဲ ဆက်၍သာလိုက်၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ယခုရှိနေသောအရာ၏အမည်ကို မှည့်ခေါ်ထားပြီးဖြစ်၏။ လူသည် မည်သည့်အရာဖြစ်သည်ကိုလည်း သိထားပြီးဖြစ်၍ သူသည် မိမိထက်တန်ခိုးကြီးသောသူနှင့် ဖက်ပြိုင်၍မရနိုင်။
ထိုအခါ ရှောလုမင်းကြီးက မိခါလအား “အဘယ်ကြောင့် ငါ့ကို ဤသို့လှည့်စား၍ ငါ့ရန်သူလွတ်မြောက်အောင် လွှတ်ပေးသနည်း”ဟု ဆိုလျှင် မိခါလက ရှောလုအား “သူက ‘ငါ့ကို လွှတ်ပါ။ အဘယ်ကြောင့် သင့်ကို ငါသတ်ရမည်နည်း’ဟု အကျွန်ုပ်အား ဆိုပါ၏”ဟု ပြန်ပြော၏။