ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
၂ ရာ 2:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်ရာ အာဗနာနှင့် အစ္စရေးအမျိုးသားတို့သည် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကို ရှုံးနိမ့်သွား၏။ Common Language Bible ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။- Garrad Bible ထို နေ့ ချင်း တွင် အ လွန် ပြင်း ထန် စွာ စစ် တိုက် ရာ၌ အာ ဗ နာ နှင့် ဣ သ ရေ လ ရဲ မက် တို့ သည် ဒါ ဝိဒ် မင်း သူ ရဲ တို့ ရှေ့ ရှုံး နိမ့် ကြ လေ ၏။ Judson Bible ထိုနေ့၌ ပြင်းစွာစစ်တိုက်၍ အာဗနာနှင့် ဣသရေလလူတို့သည် ဒါဝိဒ်၏ကျွန်တို့ရှေ့မှာ ရှုံးကြလေ၏။ |
ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။