ဤသို့ ရှင်ဘုရင်သည် ယုဒအမျိုးသားအပေါင်းတို့၏စိတ်နှလုံးကို တစ်ပေါင်းတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့သဖြင့် သူတို့ကလည်း ရှင်ဘုရင်ထံ “အရှင်မင်းကြီးနှင့်တကွ မင်းမှုထမ်းအပေါင်းတို့ ပြန်လာကြပါ”ဟု လျှောက်တင်စေကြ၏။
၂ ရာ 19:43 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။ Common Language Bible ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။ Garrad Bible ငါ တို့ မူ ကား၊ ဘု ရင် မင်း ကို ဆယ် ပိုင်း ပိုင်၏။ သင် တို့ ထက် ဒါ ဝိဒ် မင်း နှင့် သာ၍ ဆိုင်၏။ ကိုယ့် ဘု ရင် မင်း ကို ဆောင် ကြဉ်း ရန် ဦး စွာ အ ကြံ ပေး သော ငါ တို့ အား အ ဘယ် ကြောင့် မ ထီ မဲ့ မြင် ပြု ကြ သ နည်း ဟု တုံ့ ပြန် ပြော ဆို ကြ ရာ ဣ သ ရေ လ သူ ရဲ တို့ စ ကား ထက် ယု ဒ သူ ရဲ တို့ စ ကား သည် ရုန့် ရင်း လေ စွ တ ကား။ Judson Bible ဣသရေလအမျိုးသားတို့ကလည်း၊ ငါတို့သည် ရှင်ဘုရင်၌ ဆယ်ဖို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင်တို့ဆိုင်သည်ထက် ငါတို့သာ၍ဆိုင်ကြ၏။ ရှင်ဘုရင်ကို ပြန်ပို့ခြင်းအမှုတွင် ငါတို့နှင့်ရှေ့ဦးစွာ မတိုင်ပင်ဘဲ အဘယ်ကြောင့် ငါတို့ကို မထီမဲ့မြင်ပြုကြသနည်းဟု ယုဒအမျိုးသားတို့ကို ပြန်ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသားတို့ စကားထက် ယုဒအမျိုးသားတို့စကားသည် သာ၍ခိုင်ခံ့၏။ |
ဤသို့ ရှင်ဘုရင်သည် ယုဒအမျိုးသားအပေါင်းတို့၏စိတ်နှလုံးကို တစ်ပေါင်းတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့သဖြင့် သူတို့ကလည်း ရှင်ဘုရင်ထံ “အရှင်မင်းကြီးနှင့်တကွ မင်းမှုထမ်းအပေါင်းတို့ ပြန်လာကြပါ”ဟု လျှောက်တင်စေကြ၏။
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့က “ငါတို့ကို ရန်သူ့လက်မှ ကယ်တင်သူမှာ ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ လွတ်မြောက်စေသူမှာလည်း ရှင်ဘုရင်ပင် ဖြစ်၏။ သို့သော် ယခုမှာ အဗရှလုံကြောင့် ရှင်ဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးနေရပါပြီ။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးက အဘိရှဲအား “ယခု ဗိခရိ၏သားရှေဘသည် ငါတို့ကို အဗရှလုံထက်ပို၍ အန္တရာယ်ပေးနိုင်၏။ ထို့ကြောင့် သင့်သခင်၏အမှုထမ်းတို့ကိုခေါ်၍ သူ့နောက်သို့လိုက်လော့။ သို့မဟုတ်လျှင် သူသည် ခံတပ်မြို့များတွင် ဝင်ခိုပြီး ငါတို့လက်မှ လွတ်မြောက်လိမ့်မည်”ဟု မိန့်ဆို၏။
အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် မိမိတို့စကားကို ရှင်ဘုရင်နားမထောင်ကြောင်း သိမြင်လျှင် သူတို့က ရှင်ဘုရင်အား “ဒါဝိဒ်မင်းကြီး၌ ငါတို့ မည်သည့်ဝေစုရှိသနည်း။ ယေရှဲ၏သား၌ ငါတို့အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်တဲသို့ ကိုယ်ပြန်ကြလော့။ အို ဒါဝိဒ်မင်းကြီး၊ ကိုယ့်အမျိုးအနွယ်ကို စောင့်ရှောက်ပါလော့”ဟု ပြန်ပြောပြီး အစ္စရေးလူမျိုးတို့သည် ကိုယ့်တဲသို့ ကိုယ်ပြန်သွားကြလေ၏။
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
စော်ကားပြစ်မှားခြင်းခံရသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ထက် ပို၍မာကျော၏။ ငြင်းခုံရန်တွေ့ခြင်းသည်လည်း ခံတပ်၏ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။
သို့သော် သင်တို့သည် အချင်းချင်းကိုက်ဖြတ်ဝါးမျိုကြလျှင် အချင်းချင်းကြောင့် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်ရသဖြင့် သတိပြုကြလော့။
ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊
စိတ်ကြီးဝင်၍ အချင်းချင်းရန်လိုသောစိတ်၊ အချင်းချင်းမလိုမုန်းထားသောစိတ်မရှိဘဲနေကြကုန်စို့။
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။
အကြောင်းမူကား လူ၏အမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားကို မဖြစ်ထွန်းစေနိုင်ပေ။
ဧဖရိမ်အမျိုးသားတို့က ဂိဒေါင်အား “သင်သည် မိဒျန်လူမျိုးတို့နှင့် စစ်သွားတိုက်သည်ကို ငါတို့အား အဘယ်ကြောင့် မခေါ်သနည်း။ ငါတို့အား အဘယ်ကြောင့် ထိုသို့ပြုသနည်း”ဟု ဆိုလျက် ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သားတို့ကြားတွင် ဆိုးညစ်သောဝိညာဉ်ကို စေလွှတ်သဖြင့် ရှေခင်မြို့သားတို့သည် အဘိမလက်ကို သစ္စာဖောက်ကြ၏။