အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ 19:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ရှင်ဘုရင်​ထံသို့ လာ​ပြီး ရှင်ဘုရင်​အား “​အကျွန်ုပ်​တို့​၏​ညီအစ်ကို ယုဒ​အမျိုးသား​တို့​သည် အရှင့်​ကို အဘယ်ကြောင့် ခိုးယူ​ပြီး အရှင်မင်းကြီး​မှစ၍ နန်းတွင်းသူ​နန်းတွင်းသား​များ​နှင့်တကွ ဒါဝိဒ်​မင်းကြီး​၏​လူ​အားလုံး​ကို ဂျော်ဒန်​မြစ်​တစ်ဖက်ကမ်း​သို့ ကူး​စေ​ကြ​သနည်း”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​ဣသ​ရေ​လ​အမျိုး​သား​အ​ပေါင်း​တို့ သည် မင်း​ကြီး​ထံ​လာ​၍``အ​ကျွန်ုပ်​တို့​၏​ညီ အစ်​ကို​များ​ဖြစ်​ကြ​သော​ယု​ဒ​ပြည်​သား တို့​သည်​အ​ရှင်​နှင့်​တ​ကွ​အ​ရှင့်​မိ​သား​စု၊ အ​ရှင့်​လူ​တို့​ကို​ယော်​ဒန်​မြစ်​တစ်​ဘက်​သို့ ပို့​ဆောင်​ခွင့်​ရှိ​သည်​ဟု​အ​ဘယ်​ကြောင့်​ထင် မှတ်​ကြ​ပါ​သ​နည်း'' ဟု​လျှောက်​ထား​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဣ သ ရေ လ သူ ရဲ အ ပေါင်း တို့ သည် ဘု ရင် မင်း ထံ တိုး ဝင် ၍၊ ညီ အစ် ကို ချင်း ဖြစ် ကြ သော ယု ဒ သူ ရဲ တို့ သည် ဘု ရင် မင်း မှ စ၍ နန်း တော် သား တို့ နှင့် တ ကွ နောက် တော် ပါ အ ပေါင်း တို့ ကို ယော် ဒန် မြစ် တစ် ဖက် ရောက် အ ဘယ် ကြောင့် လျှို့ တ ဝှက် ဆောင် ကြဉ်း ကြ ပါ သ နည်း ဟု တင် လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ထံ​တော်​သို့​လာ၍၊ ကျွန်​တော်​တို့ ညီ​အစ်​ကို​ဖြစ်​သော ယု​ဒ​အ​မျိုး​သား​တို့​သည် ကိုယ်​တော်​ကို​ခိုး​ယူ၍ ကိုယ်​တော်​နှင့်​တ​ကွ နန်း​တော်​သား ကိုယ်​တော်၏ လူ​အ​ပေါင်း​တို့​ကို အ​ဘယ်​ကြောင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ရ​ကြ​မည်​နည်း​ဟု လျှောက်​ကြ​သော်၊

အခန်းကိုကြည့်ပါ။



၂ ရာ 19:41
7 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​သည် ယဇ်ပုရောဟိတ်​ဇာဒုတ်​နှင့် အဗျာသာ​တို့​ထံ လူ​လွှတ်​၍ “​ယုဒ​သက်ကြီးဝါကြီး​တို့​အား ‘​အစ္စရေး​လူမျိုး​အပေါင်း​တို့​၏​စကား​သည် ဘုရင့်​နန်းတော်​သို့​ပင် ရောက်လာ​လေ​ပြီ​။ သင်​တို့​မူကား ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​သနည်း​။


ငါ့​ညီအစ်ကို​၊ ငါ့​အရိုး​အသား​ဖြစ်​သော​သင်​တို့​သည် ရှင်ဘုရင်​ကို နန်းတော်​သို့​ပြန်လည်​ခေါ်ဆောင်​ရန် အဘယ်ကြောင့် နောက်ကျ​နေ​ရ​သနည်း​’​ဟု ပြော​လော့​။


စစ်ပွဲ​မှ​ထွက်ပြေး​ပြီး အရှက်ကွဲ​ရ​သူ​တို့ ပုန်းလျှိုးကွယ်လျှိုး​ပြန်လာ​ရ​သကဲ့သို့ ထို​နေ့​တွင် စစ်သည်​တို့​သည် မြို့​ထဲသို့ ပုန်းလျှိုးကွယ်လျှိုး​ဝင်လာ​ကြ​၏​။


ဧဖရိမ်​အမျိုးသား​တို့​သည် ဇာဖုန်​မြို့​သို့ စုရုံး​ချီတက်​လာ​ပြီး ယေဖသ​အား “​သင်​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​သောအခါ ငါ​တို့​ကို အဘယ်ကြောင့်​မ​ခေါ်​သနည်း​။ ယခု သင်​နှင့်​သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​”​ဟု ပြော​ကြ​၏​။


ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။