ထိုအခါ ရှင်ဘုရင်က သူ့အား “သင် အဘယ်ကြောင့် ဤစကားကို ထပ်ပြောနေရသနည်း။ ‘မြေကို သင်နှင့် ဇိဘ ခွဲဝေယူရမည်’ဟု ငါဆိုခဲ့ပြီ”ဟု မိန့်ဆိုလျှင်
မင်းကြီးက``သင်နောက်ထပ်ပြောဆိုရန်မလို တော့ပြီ။ ရှောလု၏ဥစ္စာပစ္စည်းများကိုသင်နှင့် ဇိဘတစ်ဝက်စီယူကြရန်ငါဆုံးဖြတ်ပြီး ဖြစ်သည်'' ဟုမိန့်တော်မူ၏။
ကိုယ့် အ မှု အ ရေး ကို အ ဘယ် ကြောင့် လျှောက် တင် ရ ဦး မည် နည်း။ သင် နှင့် ဇိ ဘ တို့ ပါ ပိုင် မြေ ကို ခွဲ ယူ ကြ လော့။ ငါ စီ ရင် ပြီ ဟု ဘု ရင် မင်း မိန့် ဆို ရာ
ရှင်ဘုရင်က သင်၏အမှုအရာတို့ကို အဘယ်ပြောစရာရှိသနည်း။ သင်နှင့်ဇိဘသည် မြေကိုဝေ၍ ယူရကြမည်ငါစီရင်ပြီဟု မိန့်တော်မူ၏။
အကျွန်ုပ်ဖခင်၏အိမ်သူအိမ်သားတို့သည် အကျွန်ုပ်သခင်အရှင်မင်းကြီးရှေ့၌ ဘာမျှမဟုတ်၊ သေလူများသာ ဖြစ်ပါသော်လည်း ကျွန်တော်မျိုးကို အရှင့်စားပွဲ၌ စားရသောသူတို့နှင့်အတူ နေရာပေးခဲ့ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်သည် အရှင်မင်းကြီးထံ အဘယ်အရာတောင်းဆိုခွင့်ရှိဦးမည်နည်း”ဟု လျှောက်တင်လေ၏။
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
ရှောလုမင်းကြီး၏အမျိုးအနွယ်ထဲတွင် ဇိဘအမည်ရှိသောအစေအပါးတစ်ဦးရှိ၏။ ထိုသူကို ဒါဝိဒ်မင်းကြီးထံခေါ်ဆောင်လာရာ ရှင်ဘုရင်က သူ့အား “သင်ကား ဇိဘမှန်သလော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏အစေအပါး ဇိဘကိုခေါ်ပြီး “ရှောလုမင်းကြီးပိုင်ဆိုင်သမျှ၊ သူ့အမျိုးအနွယ်တို့ပိုင်ဆိုင်သမျှကို သင့်သခင်၏သားအား ငါပြန်အပ်ပေးပြီ။
မိမိ၏အိမ်နီးချင်းကို ကွယ်ရာတွင် မတရားစွပ်စွဲပြောဆိုသောသူကို အကျွန်ုပ်ဖယ်ရှားသုတ်သင်ပါမည်။ ဘဝင်မြင့်သောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးရှိသူကို အကျွန်ုပ်သည်းခံမည်မဟုတ်ပါ။
“သင်တို့သည် မည်မျှကြာအောင် မတရားသဖြင့်စီရင်၍ ဆိုးယုတ်သောသူတို့ကို မျက်နှာလိုက်ကြမည်နည်း။(စေလာ)
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
သို့သော် ၎င်းသည် သင်တို့၏ပညတ်တရား၊ စကား၊ အမည်နာမများနှင့်ပတ်သက်သည့် ပြဿနာများဖြစ်သည်ဆိုလျှင် သင်တို့ကိုယ်တိုင် ကြည့်ရှုဖြေရှင်းရမည်။ ငါသည် ထိုအမှုမျိုးကိုတရားစီရင်သူ မဖြစ်လို”ဟု ဆိုလျက်