၂ ရာ 9:2 - မြန်မာ့စံမီသမ္မာကျမ်း2 ရှောလုမင်းကြီး၏အမျိုးအနွယ်ထဲတွင် ဇိဘအမည်ရှိသောအစေအပါးတစ်ဦးရှိ၏။ ထိုသူကို ဒါဝိဒ်မင်းကြီးထံခေါ်ဆောင်လာရာ ရှင်ဘုရင်က သူ့အား “သင်ကား ဇိဘမှန်သလော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ထိုအခါလူတို့သည်ဇိဘနာမည်ရှိသော လူတစ်ယောက်ကိုအထံတော်သို့သွင်းကြ၏။ ထိုသူကားရှောလုမိသားစု၏အစေခံ တစ်ဦးဖြစ်၏။ မင်းကြီးကသူ့အား``သင် သည်ဇိဘလော'' ဟုမေးတော်မူလျှင်၊ ``မှန်လှပါအရှင်'' ဟုဇိဘကလျှောက် ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ရှော လု မင်း၏ နန်း တော် သား အ ပါ အ ဝင် ဇိ ဘ အ မည် ရှိ သော ကျွန် တစ် ယောက် ကို ရှေ့ တော် သို့ ခေါ် သွင်း ရာ ဒါ ဝိဒ် မင်း က၊ သင် ဇိ ဘ လော ဟု မေး လျှင် ကျွန် တော် မျိုး မှန် ပါ သည် ဟု လျှောက် တင် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ဇိဘအမည်ရှိသော ရှောလု၏ အဆွေအမျိုးနှင့်ဆိုင်သော ကျွန်တစ်ယောက်ကို အထံတော်သို့သွင်း၍ ရှင်ဘုရင်က၊ သင်သည် ဇိဘမှန်သလောဟု မေးလျှင်၊ ကိုယ်တော်ကျွန်မှန်ပါသည်ဟု ပြန်လျှောက်လေ၏။ အခန်းကိုကြည့်ပါ။ |