သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားအယောက်တစ်ထောင်၊ ရှောလုအိမ်သား၏အစေခံ ဇိဘနှင့်သား တစ်ဆယ့်ငါးယောက်၊ အစေအပါးအယောက်နှစ်ဆယ်တို့လည်း ရှင်ဘုရင်ရှိရာ ဂျော်ဒန်မြစ်သို့ အလျင်အမြန်ရောက်လာကြပြီး
၂ ရာ 19:18 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှင်ဘုရင်နှင့် နန်းတွင်းသူနန်းတွင်းသားတို့ကို တစ်ဖက်ကမ်းသို့ ပို့ပေးရန်နှင့် ရှင်ဘုရင်အလိုရှိသည်ကို လုပ်ဆောင်ပေးရန် ကူးတို့ဆိပ်မှ ကူးလာကြ၏။ ဂျော်ဒန်မြစ်ကို ရှင်ဘုရင်ဖြတ်ကူးသောအခါ ဂေရ၏သား ရှိမိသည် ရှင်ဘုရင်ရှေ့၌ ပျပ်ဝပ်လျက် Common Language Bible သူတို့သည်ဘုရင့်အိမ်တော်သားတို့ကို မြစ်တစ်ဘက်သို့ပို့ဆောင်ပေးရန်နှင့် မင်း ကြီးအလိုရှိရာကိုဆောင်ရွက်ပေးရန် မြစ်ကိုကူးကြ၏။ မင်းကြီးသည်မြစ်ကိုကူးရန်အသင့်ပြင် ဆင်နေစဉ်ရှိမိသည်ရှေ့တော်၌ပျပ်ဝပ် ပြီးလျှင်၊- Garrad Bible ဘု ရင် မင်း အ လို တော် ရှိ နန်း တော် သား တို့ ကို ခေါက် တုံ့ ခေါက် ပြန် သယ် ပိုး ကြ၏။ ဘု ရင် မင်း ကူး မည့် ရှိ ရာ ဂေ ရ သား ရှိ မိ သည် ပျပ် ဝပ် ရှိ ခိုး လျက် Judson Bible ကူးတို့လှေသည် နန်းတော်သားများကို ပို့ခြင်းငှာလည်းကောင်း၊ အလိုတော်ကို ဆောင်ခြင်းငှာလည်းကောင်း၊ သွားလာလျက်ရှိ၏။ ယော်ဒန်မြစ်ကို ကူးတော်မူသောအခါ၊ ဂေရ၏သား ရှိမိသည် ရှေ့တော်၌ပျပ်ဝပ်၍၊ |
သူနှင့်အတူ ဗင်္ယာမိန်အမျိုးသားအယောက်တစ်ထောင်၊ ရှောလုအိမ်သား၏အစေခံ ဇိဘနှင့်သား တစ်ဆယ့်ငါးယောက်၊ အစေအပါးအယောက်နှစ်ဆယ်တို့လည်း ရှင်ဘုရင်ရှိရာ ဂျော်ဒန်မြစ်သို့ အလျင်အမြန်ရောက်လာကြပြီး
ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်ကို အပြစ်ယူတော်မမူပါနှင့်။ အကျွန်ုပ်၏သခင် အရှင်မင်းကြီး ဂျေရုဆလင်မြို့မှထွက်ခွာသွားရသောနေ့က ကျွန်တော်မျိုးပြုမိသောအမှားများကို အရှင်မင်းကြီး နှလုံးသွင်းပြီး အောက်မေ့တော်မမူပါနှင့်။
မေဖိဗောရှက်က ရှင်ဘုရင်အား “အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် နန်းတော်သို့ ဘေးကင်းစွာပြန်ရောက်ပြီဖြစ်၍ သူသည် ဤမြေအားလုံးကို ယူပါစေ”ဟု လျှောက်တင်လေ၏။
သင်နှင့် သင့်သားသမီးများ၊ သင့်အစေအပါးများသည် ထိုလယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီး သင့်သခင်၏သားမြေးတို့ စားစရာအဖို့ ယူဆောင်လာပေးရမည်။ သင့်သခင်၏သား မေဖိဗောရှက်သည် နေ့စဉ် ငါ့စားပွဲတွင် စားရမည်”ဟု ဆို၏။ ဇိဘ၌ သားတစ်ဆယ့်ငါးယောက်နှင့် အစေအပါး အယောက်နှစ်ဆယ်ရှိ၏။
ရှောလုမင်းကြီး၏အမျိုးအနွယ်ထဲတွင် ဇိဘအမည်ရှိသောအစေအပါးတစ်ဦးရှိ၏။ ထိုသူကို ဒါဝိဒ်မင်းကြီးထံခေါ်ဆောင်လာရာ ရှင်ဘုရင်က သူ့အား “သင်ကား ဇိဘမှန်သလော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ဗာဟုရိမ်မြို့သား၊ ဗင်္ယာမိန်အမျိုးသား ဂေရ၏သားရှိမိသည် မဟာနိမ်မြို့သို့ ငါသွားသောနေ့တွင် သူသည် ငါ့ကို ခါးသီးစွာကျိန်ဆဲခဲ့၏။ သို့သော် ငါပြန်လာသောအခါ သူသည် ငါ့ကို ဂျော်ဒန်မြစ်သို့ဆင်းကြို၍ ‘သင့်ကို ငါ ဓားဖြင့်မသတ်’ဟု ထာဝရဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုခဲ့ပြီ။
“ကိုယ်တော်ပြုတော်မူသောအမှုတို့သည် အံ့ဩဖွယ်ကောင်းလှပါ၏။ ကိုယ်တော်၏အစွမ်းသတ္တိကြီးမားမှုကြောင့် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏ရှေ့၌ ခယဝပ်တွားကြပါလိမ့်မည်။
ထာဝရဘုရားကို မုန်းသောသူတို့သည် ရှေ့တော်၌ ခယဝပ်တွားကြသော်လည်း သူတို့အပြစ်ဒဏ်ခံရသောကာလသည် အစဉ်ထာဝရဖြစ်လိမ့်မည်။
ကြည့်ရှုလော့။ မိမိတို့ကိုယ်ကို ဂျူးလူမျိုးဖြစ်သည်ဟုဆိုကြသော်လည်း ဂျူးလူမျိုးမဟုတ်ဘဲ စာတန်၏အသင်းဝင်များဖြစ်ကြသည့် လိမ်လည်ပြောဆိုသောသူတို့ကို သင်၏ခြေရင်း၌ လာ၍ရှိခိုးစေကာ ငါသည် သင်တို့ကိုချစ်ကြောင်း သူတို့အားသိစေမည်။
သူ့အတွက် ဘုရားသခင်ထံ မေးမြန်းပေးသည်မှာ ဤနေ့မှာ ပထမဆုံးအကြိမ်ဖြစ်သလော။ အရှင်မင်းကြီး စွပ်စွဲပြောဆိုသောစကားများသည် အကျွန်ုပ်နှင့် အကျွန်ုပ်ဖခင်၏အိမ်ထောင်မိသားစုများနှင့် ဝေးပါစေသော။ အရှင့်အစေအပါးသည် မည်သည့်အမှုကြီးငယ်ကိုမျှ မသိပါ”ဟု လျှောက်ဆို၏။