ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
၂ ရာ 16:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။ Common Language Bible ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။ Garrad Bible ထို အ ခါ ဇေ ရု ယာ့ သား အ ဘိ ရှဲ က၊ ဤ ခွေး သေ ကောင် သည် အ ရှင် မင်း မြတ် ကို ဆဲ ဆို သည် မှာ အ သို့ နည်း။ ကျွန် တော် လိုက်၍ ချင့် ခေါင်း ကို ဖြတ် ပါ ရ စေ ဟု အ ခွင့် တောင်း လျှင် ဘု ရင် မင်း က Judson Bible ဇေရုယာသား အဘိရှဲကလည်း၊ ထိုခွေးသေကောင်သည် အရှင်မင်းကြီးကို ကျိန်ဆဲရမည်လော။ ကျွန်တော်သွား၍ သူ၏လည်ပင်းကို ဖြတ်ပါရစေဟု နားတော်လျှောက်လျှင်၊ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲက “ရှိမိသည် ထာဝရဘုရား ဘိသိက်ပေးတော်မူသောသူကို ကျိန်ဆဲခဲ့လေပြီ။ ထို့အတွက်ကြောင့် သူအသေသတ်ခြင်းခံရမည် မဟုတ်လော”ဟု ဆိုလျှင်
ဒါဝိဒ်မင်းကြီးက “ဇေရုယာ၏သားတို့၊ ယနေ့ ငါနှင့် ဘက်ပြိုင်မည့်အကြောင်း သင်တို့နှင့် ငါ အဘယ်သို့ဆိုင်သနည်း။ ယနေ့ အစ္စရေးလူတစ်ဦးဦးကို သတ်ရမှဖြစ်မည်လော။ စင်စစ် ယနေ့ ငါသည် အစ္စရေးလူမျိုးတို့၏ဘုရင်ဖြစ်သည်ကို ငါမသိဘဲနေမည်လော”ဟု မိန့်တော်မူ၏။
ယွာဘနှင့် သူ့ညီအဘိရှဲတို့သည် အာဗနာကိုသတ်လေ၏။ အကြောင်းမူကား ဂိဗောင်တိုက်ပွဲတွင် အာဗနာသည် သူတို့၏ညီ အာသဟေလကို သတ်သောကြောင့်ဖြစ်၏။
ဣရှဗောရှက်မင်းကြီး၏စကားကြောင့် အာဗနာ အလွန်အမျက်ထွက်ပြီး “ငါ့ကို ယုဒအမျိုး၏ခွေးခေါင်းများမှတ်နေသလော။ ယခု ငါသည် သင့်ဖခင်ရှောလုမင်းကြီး၏အမျိုးအနွယ်နှင့် သူ့ညီအစ်ကို၊ သူ့မိတ်ဆွေတို့ကို မေတ္တာပြခဲ့၏။ သင့်ကိုလည်း ဒါဝိဒ်မင်းကြီးလက်သို့ မအပ်။ သို့သော် ယနေ့ မိန်းမတစ်ယောက်နှင့်ဆိုင်သောအမှားအတွက် ငါ့အား အပြစ်တင်ရသလော။
သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
ဘုရားသခင်အား ပြစ်မှားပြောဆိုခြင်းမပြုရ။ သင့်လူမျိုး၏ခေါင်းဆောင်ကို မကျိန်ဆဲရ။
တပည့်တော်ယာကုပ်နှင့်ယောဟန်တို့သည် ထိုအဖြစ်ကိုမြင်လျှင် “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မိုးကောင်းကင်မှ မီးကျလာစေ၍ သူတို့ကိုလောင်ကျွမ်းစေရန် ကိုယ်တော်အလိုရှိပါသလော”ဟု မေးလျှောက်ကြ၏။
ပေါလုကလည်း “ညီအစ်ကိုတို့၊ သူသည် ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း အကျွန်ုပ်မသိပါ။ အမှန်စင်စစ် ‘သင့်လူမျိုး၏အကြီးအကဲကို သင်သည် မကောင်းမပြောရ’ဟု ကျမ်းစာ၌ရေးထားသည်”ဟု ဆိုလေ၏။
လူအပေါင်းတို့ကို ရိုသေကြလော့။ ညီအစ်ကိုအချင်းချင်းချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ကြလော့။ ရှင်ဘုရင်ကို ရိုသေကြလော့။
အစ္စရေးဘုရင်သည် မည်သူ့ကို တိုက်ခိုက်ရန် ထွက်လာသနည်း။ မည်သူ့နောက်ကို လိုက်နေသနည်း။ ခွေးသေကောင်နောက်ကိုလော၊ ခွေးလှေးတစ်ကောင်နောက်ကိုလော။