၂ ရာ 15:2 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံသည် နံနက်စောစောထ၍ မြို့တံခါးနား လမ်းဘေး၌ ရပ်လေ့ရှိ၏။ အမှုကိစ္စဖြစ်၍ အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောမည်သူမဆို အဗရှလုံသည် သူ့ထံသို့ခေါ်လာပြီး “သင် မည်သည့်မြို့က လာသနည်း”ဟု မေးတတ်၏။ အမှုသည်က “ကျွန်တော်မျိုးသည် အစ္စရေးအမျိုးအနွယ်ထဲမှ တစ်နွယ်ဖြစ်ပါ၏”ဟု ပြန်ဖြေလျှင် Common Language Bible သူသည်နံနက်စောစောထပြီးလျှင်မြို့တံခါး ဝလမ်းနံဘေးတွင်ရပ်လျက်နေတတ်၏။ ဘုရင် ၏အဆုံးအဖြတ်ကိုခံရန်အမှုသည်တစ်စုံ တစ်ယောက်ရောက်ရှိလာသောအခါသူ့ကိုခေါ် ၍``သင်သည်အဘယ်အရပ်ကလာသနည်း'' ဟု မေးလေ့ရှိ၏။ အမှုသည်က``အရှင်အကျွန်ုပ် သည်ဤမည်သောဣသရေလအနွယ်မှဖြစ် ပါသည်'' ဟုဆိုလျှင်၊- Garrad Bible နံ နက် တိုင်း ထ သ ဖြင့် တံ ခါး ဝ လမ်း နံ ဘေး တွင် ရပ် နေ ပြီး လျှင် ဘု ရင် မင်း စီ ရင် ခြင်း ခံ အပ် သော အ မှု သည် မည် သူ့ ကို မ ဆို ခေါ်၍ အ ဘယ် မြို့ က နည်း ဟု မေး ရာ ကျွန် တော် မျိုး သည် ဣ သ ရေ လ အ မျိုး တွင် အ မည် သော အ နွယ် သား ဖြစ် ကြောင်း လျှောက် သော် Judson Bible အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသောသူသည် စီရင်တော်မူခြင်းကို ခံအံ့သောငှာ၊ ရှင်ဘုရင်ထံတော်သို့ လာသောအခါ အဗရှလုံက၊ သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင်၊ ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော ဣသရေလအမျိုးအနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော်၊ |
ထိုအခါ ရှင်ဘုရင်သည် ထ၍မြို့တံခါး၌ သွားထိုင်၏။ လူအပေါင်းတို့ကလည်း “ကြည့်ရှုလော့။ မြို့တံခါး၌ ရှင်ဘုရင် ထိုင်တော်မူ၏”ဟု တစ်ဆင့်စကားကြားသိကြလျှင် ရှင်ဘုရင်ထံသို့ လာကြ၏။ အစ္စရေးလူမျိုးတို့မူကား မိမိတို့အိမ်သို့ အသီးသီးပြန်ပြေးကြ၏။
သူတို့က “မင်းကြီးသည် ဤလူတို့ကိုကျေးဇူးပြုမည်၊ သူတို့စိတ်ကျေနပ်အောင် ကောင်းမွန်စွာပြောဆိုဆက်ဆံမည်ဆိုလျှင် သူတို့သည် မင်းကြီးထံ အစဉ်အမြဲအစေခံကြပါလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
လူသတ်သမားသည် အရုဏ်တက်ချိန်တွင် ထ၍ ဆင်းရဲသောသူ၊ နွမ်းပါးသောသူတို့ကို သတ်တတ်၏။ ညဘက်တွင်မူကား သူသည် သူခိုးကဲ့သို့ဖြစ်၏။
လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။
သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။
ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။
အကြောင်းမူကား သူတို့သည် ဆိုးညစ်သောအမှုကိုမပြုရလျှင် အိပ်မပျော်နိုင်ကြ။ တစ်စုံတစ်ဦးကိုခလုတ်တိုက်အောင်မပြုရလျှင် မအိပ်စက်နိုင်ကြ။
ထို့နောက် ထိုမင်း၏နေရာတွင် ယုတ်ညံ့သောမင်းတစ်ပါးပေါ်လာလိမ့်မည်။ မည်သူမျှ သူ့ကို နန်းစံဖို့ မင်းမမြှောက်။ လူတို့ လုံခြုံစိတ်ချစွာနေနေကြစဉ် သူသည် ရောက်လာ၍ နိုင်ငံကို လိမ်လည်သိမ်းယူလိမ့်မည်။
မိုးလင်းချိန်ရောက်သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုထဲမှသက်ကြီးဝါကြီးအားလုံးတို့သည် ယေရှုကိုသေဒဏ်ချမှတ်နိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။