ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။
၂ ရာ 15:14 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။ Common Language Bible ထို့ကြောင့်ဒါဝိဒ်သည်ယေရုရှလင်မြို့တွင် ရှိသည့်မှူးမတ်အပေါင်းတို့အား``အဗရှလုံ ၏လက်မှလွတ်မြောက်လိုလျှင်ငါတို့သည် ချက်ချင်းထွက်ခွာသွားရကြမည်။ ငါတို့ သည်အလျင်အမြန်မထွက်ခွာလျှင်သူသည် မကြာမီ ဤအရပ်သို့ရောက်ရှိလာလျက် ငါတို့ကိုနှိမ်နင်းကာမြို့သူမြို့သားအပေါင်း တို့ကိုသတ်ဖြတ်ပစ်လိမ့်မည်'' ဟုဆို၏။ Garrad Bible ဒါ ဝိဒ် မင်း က ထွက် ပြေး ကြ ကုန် အံ့။ မ ပြေး လျှင် အ ဗ ရှ လုံ့ လက် တွင်း မှ တစ် ယောက် မျှ ကင်း လွတ် မည် မ ဟုတ်။ သား တော် သည် ရှောင် တ ခင် တိုက် လာ သ ဖြင့် ငါ တို့ မှ စ၍ မြို့ သူ မြို့ သား တို့ ပါ ဓား ဘေး မ သင့် ရောက် စေ ရန် အ ဆော တ လျင် ထွက် ပြေး ကြ လော့ ဟု ယေ ရု ရှ လင် မြို့ တွင် အ ပါး တော် ထမ်း ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို ရာ Judson Bible ဒါဝိဒ်ကလည်း၊ ငါတို့သည် ထ၍ပြေးကြကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ အလျင်အမြန် ထွက်ကြကုန်အံ့။ သို့မဟုတ်လျှင် သူသည် ချက်ချင်းတိုက်လာသဖြင့်၊ ငါတို့ကို ဘေးပြု၍ မြို့ကိုလည်း ဓားနှင့်လုပ်ကြံလိမ့်မည်ဟု ယေရုရှလင်မြို့တွင် အထံတော်၌ရှိသော ကျွန်အပေါင်းတို့အား မိန့်တော်မူ၏။ |
ထာဝရဘုရားက ‘ငါသည် သင့်ကို ဘေးအန္တရာယ်ပေးမည့်သူအား သင့်မိသားစုထဲက ပေါ်ထွက်စေမည်။ သင့်မျက်စိရှေ့တွင်ပင် သင့်မိဖုရားတို့ကို ယူပြီး သင့်အိမ်နီးချင်းအား ပေးမည်။ သူသည် နေ့အချိန်တွင်ပင် သင့်မိဖုရားတို့နှင့်အတူ အိပ်လိမ့်မည်။
ရှင်ဘုရင်၏အမှုထမ်းတို့ကလည်း ရှင်ဘုရင်အား “ကျွန်ုပ်တို့၏သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်တော်မူသည့်အတိုင်း ကျွန်တော်မျိုးတို့ ပြုပါမည်”ဟု ပြန်လျှောက်ကြပြီးလျှင်
ငါတို့ ဘိသိက်သွန်းမင်းမြှောက်ပေးခဲ့သော အဗရှလုံလည်း တိုက်ပွဲတွင် ကျဆုံးလေပြီ။ ယခုမှာ ရှင်ဘုရင်ကို ပြန်မကြွစေဘဲ အဘယ်ကြောင့်ငြိမ်နေကြသနည်း”ဟု အပြန်အလှန် ငြင်းခုံနေကြ၏။
ထို့နောက်တွင် အစ္စရေးအမျိုးအနွယ်အပေါင်းတို့က “ငါတို့ကို ရန်သူ့လက်မှ ကယ်တင်သူမှာ ရှင်ဘုရင်ဖြစ်၏။ ငါတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ လွတ်မြောက်စေသူမှာလည်း ရှင်ဘုရင်ပင် ဖြစ်၏။ သို့သော် ယခုမှာ အဗရှလုံကြောင့် ရှင်ဘုရင်မှာ တိုင်းပြည်မှ ထွက်ပြေးနေရပါပြီ။
ကိုယ်တော်၏ကျေးဇူးတော်အားဖြင့် ဇိအုန်ကိုကောင်းစားစေတော်မူပါ။ ဂျေရုဆလင်မြို့ရိုးတို့ကို တည်ဆောက်တော်မူပါ။
မင်းသားသည် ပြည်သူတို့ပိုင်ဆိုင်သောအမွေမြေကို အနိုင်အထက်မလုယူရ။ သူ့သားများအား သူပိုင်ဆိုင်သောမြေထဲမှ အမွေခွဲဝေပေးရမည်။ သို့မှ ငါ့လူမျိုးတော်တစ်စုံတစ်ယောက်မျှ သူတို့ပိုင်ဆိုင်သောအမွေမြေမှ ကွဲလွင့်သွားရတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဗတ္တိဇံဆရာယောဟန်လက်ထက်မှ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်သည် အတင်းတိုးဝင်ခြင်းကိုခံရလျက် အတင်းတိုးဝင်သောသူတို့သည် ၎င်းကိုလုယူဝင်စားကြ၏။
ကပေရနောင်မြို့၊ သင်သည် ကောင်းကင်အထိ ချီးမြှောက်ခြင်းကိုခံရပါမည်လော။ သင်သည် မရဏာနိုင်ငံတိုင်အောင် ကျဆင်းရလိမ့်မည်။