Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 15:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ရှင်ဘုရင်​၏​အမှုထမ်း​တို့​က​လည်း ရှင်ဘုရင်​အား “​ကျွန်ုပ်​တို့​၏​သခင် အရှင်မင်းကြီး စိတ်ပိုင်းဖြတ်​တော်မူ​သည့်​အတိုင်း ကျွန်တော်မျိုး​တို့ ပြု​ပါ​မည်​”​ဟု ပြန်လျှောက်​ကြ​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ထို​သူ​တို့​က``မှန်​လှ​ပါ​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​တို့​သည်​အ​ရှင့်​အ​မိန့်​တော်​အ​တိုင်း ဆောင်​ရွက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ကျေး ကျွန် သင်း ပင်း တို့ က အ ရှင် မင်း မြတ် သ ဘော တော် ရှိ တိုင်း ကျွန် တော် မျိုး တို့ လိုက် ပါ မည် ဟု တင် လျှောက် ကြ လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ရှင်​ဘု​ရင်၏ ကျွန်​တို့​က​လည်း၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​သ​မျှ​တို့​ကို ကိုယ်​တော်​ကျွန်​တို့​သည် ပြု​ပါ​မည်​ဟု​လျှောက်​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 15:15
8 ပူးပေါင်းရင်းမြစ်များ  

ဒါဝိဒ်​မင်းကြီး​က​လည်း ဂျေရုဆလင်​မြို့​ရှိ မိမိ​ထံ​ခစား​သော​မင်းမှုထမ်း​အပေါင်း​တို့​အား “​ထ​ကြ​။ ယခု ငါ​တို့ ထွက်ပြေး​ကြ​ရ​မည်​။ မ​ဟုတ်​လျှင် အဗရှလုံ​လက်​မှ လွတ်​မည်​မ​ဟုတ်​။ ငါ​တို့ အလျင်အမြန်​ထွက်သွား​ရ​မည်​။ မ​ဟုတ်​လျှင် သူ​သည် ငါ​တို့​ကို​လိုက်​မီ​၍ အန္တရာယ်​ပြု​လိမ့်မည်​။ မြို့သား​တို့​ကို​လည်း ဓား​နှင့်​သတ်​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


ရှင်ဘုရင်​သည် နန်းတော်​ကို စောင့်ရှောက်​ရန် မောင်းမ​ဆယ်​ယောက်​ကို ချန်ထား​ပြီး ရှင်ဘုရင်​နှင့်တကွ အခြွေအရံ​နန်းတွင်းသူ​နန်းတွင်းသား​အားလုံး နန်းတော်​မှ​ထွက်ခွာ​လာ​ကြ​၏​။


ဇိဘ​က “​အရှင့်​အစေအပါး​အား အရှင်မင်းကြီး​မိန့်​တော်မူ​သမျှ​အတိုင်း အရှင့်​အစေအပါး​ပြု​ပါ​မည်​”​ဟု ရှင်ဘုရင်​အား ပြန်လျှောက်​၏​။ မေဖိဗောရှက်​သည် ဘုရင့်​သား​တော်​တစ်​ပါး​ကဲ့သို့ ဒါဝိဒ်​မင်းကြီး​၏​စားပွဲ​တွင် စားသောက်​ရ​၏​။


အပေါင်းအသင်း​များ​သော​သူ​သည် ပျက်စီး​တတ်​၏​။ သို့ရာတွင် ညီအစ်ကို​ထက် ပို၍​ခင်တွယ်​တတ်​သော​မိတ်ဆွေ​လည်း ရှိ​၏​။


သင်​တို့​အား ငါ​ပညတ်​သည့်​အရာ​တို့​ကို သင်​တို့​ကျင့်သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်ဆွေ​များ​ဖြစ်​ကြ​၏။


လက်နက်ကိုင်​လုလင်​က​လည်း “​အရှင့်​စိတ်တိုင်းကျ ပြု​ပါ​။ အရှင်​သွား​လို​ရာ​သို့ သွား​ပါ​။ အရှင့်​အလို​အတိုင်း အကျွန်ုပ်​ပြု​ပါ​မည်​”​ဟု ပြန်ပြော​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ