အဗရှလုံသည် အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောအစ္စရေးလူမျိုးအပေါင်းတို့ကို ဤနည်းအတိုင်း ဆက်ဆံခြင်းဖြင့် အစ္စရေးအမျိုးသားတို့၏နှလုံးသားကို သိမ်းသွင်းထားလေ၏။
၂ ရာ 15:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တမန်တစ်ဦးသည် ဒါဝိဒ်မင်းကြီးထံသို့လာပြီး “အစ္စရေးအမျိုးသားတို့၏စိတ်သည် အဗရှလုံနောက်သို့ ပါသွားပါပြီ”ဟု လျှောက်တင်၏။ Common Language Bible အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ သည် အ ဗ ရှ လုံ့ ဘက် သို့ စိတ် ပါ ကြ ပြီ ဟု ဒါ ဝိဒ် မင်း ထံ လူ တစ် ဦး လာ ရောက် သ တင်း ပေး သော်၊ Judson Bible သတင်းပြောသောသူတစ်ယောက်သည် ဒါဝိဒ်ထံသို့လာ၍၊ ဣသရေလအမျိုးသားတို့၏စိတ်နှလုံးသည် အဗရှလုံဘက်သို့ ပါသွားပါပြီဟု ကြားလျှောက်လေ၏။ |
အဗရှလုံသည် အဆုံးအဖြတ်ခံယူရန် ရှင်ဘုရင်ထံသို့လာသောအစ္စရေးလူမျိုးအပေါင်းတို့ကို ဤနည်းအတိုင်း ဆက်ဆံခြင်းဖြင့် အစ္စရေးအမျိုးသားတို့၏နှလုံးသားကို သိမ်းသွင်းထားလေ၏။
လူအပေါင်းတို့သည် ရှင်ဘုရင်ပြုသမျှကို သဘောကျနှစ်သက်ကြသည့်အတိုင်း ဤသို့ဒါဝိဒ်မင်းကြီးကျိန်ဆိုသည်ကိုလည်း နှစ်သက်လျက် မှတ်သားထားကြလေ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ များစွာသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည် “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောအရှင်သည် မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောအရပ်၌ ဟောရှဏ္ဏဖြစ်စေသတည်း”ဟု ကြွေးကြော်ကြ၏။
ပိလတ်မင်းက “သို့ဖြစ်လျှင် ခရစ်တော်ဟုခေါ်သောယေရှုကို မည်သို့ပြုရမည်နည်း”ဟု မေးပြန်သော် သူတို့အားလုံးက “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု ဆိုကြ၏။
သူ၏မိခင်ဘက်မှ ညီအစ်ကိုတို့သည် ထိုစကားအလုံးစုံကို ရှေခင်မြို့သားတို့အား ပြောကြားသောအခါ သူတို့က “အဘိမလက်သည် ငါတို့၏အမျိုးသားချင်းဖြစ်၏”ဟု ဆိုလျက် သူ့နောက်သို့ စိတ်ပါသွားကြ၏။