သင့်အစ်ကိုသည် သင့်ကိုအမျက်ပြေ၍ သူ၌သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ ငါသည်လူလွှတ်၍ သင့်ကိုထိုအရပ်မှပြန်ခေါ်မည်။ သင်တို့နှစ်ဦးစလုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့် ငါအဆုံးရှုံးခံရမည်နည်း”ဟု ဆို၏။
၂ ရာ 14:7 - မြန်မာ့စံမီသမ္မာကျမ်း ယခုမှာ ဆွေမျိုးသားချင်းအားလုံးထ၍ အရှင့်ကျွန်မအား ဆန့်ကျင်လျက် ‘ညီအစ်ကိုချင်း သတ်သောသူကို ငါတို့ထံအပ်ပါ။ သူသတ်ခဲ့သော သူ့ညီအစ်ကို၏အသက်အစား သူ့ကိုပြန်သတ်မည်။ အမွေခံဖြစ်နေလျှင်လည်း ဖျက်ဆီးပစ်ရမည်’ဟု ဆိုကြပါ၏။ သူတို့သည် အကျွန်ုပ်အတွက် ကျန်နေသေးသောမီးခဲကိုငြှိမ်းပြီး အကျွန်ုပ်ခင်ပွန်း၏အမည်နှင့် မျိုးဆက်ကို မြေကြီးပေါ်မှပပျောက်သွားအောင် ပြုကြပါတော့မည်”ဟု လျှောက်ဆို၏။ Common Language Bible သို့ဖြစ်၍အရှင်၊ ယခုအခါကျွန်တော်မ၏ ဆွေမျိုးတို့သည်ကျွန်တော်မအားရန်ဘက်ပြု ကာ ကျွန်တော်မ၏သားငယ်ကိုသူ၏အစ်ကို အားသတ်သည့်အတွက်သေစားသေစေရန် အပ်ရမည်ဟုတောင်းဆိုနေကြပါ၏။ ဤ အတိုင်းသာထိုသူတို့ပြုကြပါမူကျွန် တော်မ၏နောက်ဆုံးမျှော်လင့်အားထားရာ သားတစ်ယောက်မျှကျန်ရှိတော့မည်မဟုတ် ပါ။ ကျွန်တော်မခင်ပွန်း၏မျိုးဆက်သည် လည်းပြတ်သွားပါလိမ့်မည်'' ဟုလျှောက် လေ၏။ Garrad Bible ယ ခု မှာ ဆွေ မျိုး ညာ တိ အ ပေါင်း တို့ သည် ကျွန် တော် မျိုး မ အား ရန် ဘက် ပြု လျက် ညီ အစ် ကို ချင်း သတ် သော သူ့ ကို သေ စား သေ စေ ရန် အပ် လော့ ဟု တောင်း ဆို ကြ ပါ ၏။ ထို ကြောင့် အ မွေ ခံ ကို ဖျက် ဆီး၍ ကျွန် တော် မ၏ ကျန် မီး တောက် ကို ငြိမ်း စေ လျက် လင့် အ မည် ကိုလည်း ကောင်း၊ အ ဆက်အ နွယ် ကို လည်း ကောင်း၊ ချန် ခြွင်း ကြ တော့ မည် မ ဟုတ် ပါ ဟု တင် လျှောက် သော်၊ Judson Bible ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတစ်ဖက်၌ ထကြ၍ အစ်ကိုကိုသတ်သောသူကို သေစားသေစေခြင်းငှာ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟု ဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကိုလည်းကောင်း၊ အကျန်အကြွင်းကိုလည်းကောင်း၊ မြေကြီးပေါ်က သုတ်သင်ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊ |
သင့်အစ်ကိုသည် သင့်ကိုအမျက်ပြေ၍ သူ၌သင်ပြုခဲ့သောအမှုကိုမေ့လျော့သောအခါ ငါသည်လူလွှတ်၍ သင့်ကိုထိုအရပ်မှပြန်ခေါ်မည်။ သင်တို့နှစ်ဦးစလုံးကို တစ်နေ့ချင်းတွင် အဘယ်ကြောင့် ငါအဆုံးရှုံးခံရမည်နည်း”ဟု ဆို၏။
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
နန်းတွင်းသက်ကြီးဝါကြီးတို့သည် သူ့အနားတွင်လာရပ်၍ သူ့ကို မြေပြင်မှထူမပေးလိုသော်လည်း ဒါဝိဒ်မင်းကြီးကား အလိုမရှိ။ သူတို့နှင့်လည်း အစာမစားဘဲ နေ၏။
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “သင့်အိမ်သို့ပြန်ပါ။ သင့်အမှုအတွက် ငါစီရင်မည်”ဟု မိန့်ဆို၏။
သွေးကြွေးအတွက်လက်စားချေပေးသောသူသည် လူသတ်သောသူကိုတွေ့လျှင် သူကိုယ်တိုင်သတ်ရမည်။
သို့သော် ခြံသမားတို့သည် ထိုသားကိုမြင်သောအခါ ‘ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏အမွေကိုရယူကြစို့’ဟု အချင်းချင်းပြောဆိုကြပြီးလျှင်
သေဆုံးသွားသောအစ်ကို၏အမည်သည် အစ္စရေးလူမျိုးထဲမှ ပျောက်ပျက်မသွားမည့်အကြောင်း ထိုမိန်းမမွေးဖွားသောသားဦးသည် အစ်ကို၏အမည်ကိုဆက်ခံရမည်။