ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
၂ ရာ 14:22 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘက မြေပေါ်မှာပျပ်ဝပ်လျက် ဦးညွှတ်ကာ ရှင်ဘုရင်အား ကောင်းချီးသြဘာပေးလျက် “အကျွန်ုပ်၏သခင် အရှင်မင်းကြီးသည် အရှင့်အစေအပါးအား မျက်နှာသာပေးကြောင်းကို ယနေ့ အကျွန်ုပ်သိရပါပြီ။ အရှင်မင်းကြီးသည် အရှင့်အစေအပါးတောင်းဆိုသည့်အတိုင်း ပြုစေပါပြီ”ဟု ပြန်လျှောက်၏။ Common Language Bible ယွာဘသည်ဒါဝိဒ်၏ရှေ့တော်၌ပျပ်ဝပ်ပြီး လျှင်``အရှင်မင်းကြီး၊ အရှင့်အားဘုရားသခင် ကောင်းချီးပေးတော်မူပါစေသော။ အရှင်သည် အကျွန်ုပ်အားနှစ်သက်တော်မူကြောင်းယခု အကျွန်ုပ်သိရှိရပါပြီ။ အဘယ်ကြောင့်ဆို သော်အရှင်သည်အကျွန်ုပ်ပန်ကြားသည့် အတိုင်းပြုတော်မူသောကြောင့်ဖြစ်ပါ၏'' ဟုလျှောက်လေ၏။- Garrad Bible ယွာ ဘ သည် ပျပ် ဝပ် ရှိ ခိုး လျက် အို အ ရှင် မင်း မြတ်၊ ကျွန် တော် မျိုး တောင်း လျှောက် သည့် အ တိုင်း ဘု ရင် မင်း မြတ် စီ ရင် တော် မူ သော ကြောင့် ရှေ့ တော်၌ မျက် နှာ သာ ရ ကြောင်း ကို ကျွန် တော် မျိုး သိ ရ ပါ သည် ဟု ကျေး ဇူး တော် ကို သြ ဘာ ပြု ပြီး မှ Judson Bible ယွာဘသည်လည်း မြေပေါ်မှာ ဦးချပျပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီး ပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။ |
ထို့နောက် ယောသပ်သည် မိမိဖခင်ယာကုပ်ကိုခေါ်ဆောင်လာ၍ ဖာရောမင်းကြီး၏ရှေ့၌ရပ်စေ၏။ ယာကုပ်သည်လည်း ဖာရောမင်းကြီးကိုကောင်းချီးပေးလေ၏။
ထိုအခါ ရှင်ဘုရင်က ယွာဘအား “ဤအမှုကိုငါပြုမည်။ ယခု သွား၍ သားတော်အဗရှလုံကို ခေါ်လာပါလော့”ဟု မိန့်တော်မူလျှင်
ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
တေကောမြို့သူ ထိုအမျိုးသမီးသည် ရှင်ဘုရင်ထံသွား၍ မြေပေါ်ပျပ်ဝပ်ဦးညွှတ်လျက် “အရှင်မင်းကြီး၊ ကယ်မတော်မူပါ”ဟု လျှောက်၏။
ထို့နောက် လူအားလုံး ဂျော်ဒန်မြစ်ကို ဖြတ်ကူးကြ၏။ ရှင်ဘုရင်သည် ဗာဇိလဲကို နမ်း၍ကောင်းချီးပေးပြီးမှ ကူးသွား၏။ ဗာဇိလဲသည်လည်း မိမိနေရပ်သို့ ပြန်သွားလေ၏။
မိမိတို့ဆန္ဒအလျောက် ဂျေရုဆလင်မြို့၌နေထိုင်လိုသောသူအပေါင်းတို့ကို လူတို့သည် ကောင်းချီးပေးကြ၏။
ငါ့အကြောင်းကိုကြားသောအခါ ငါ့ကိုမင်္ဂလာရှိသူဟု ခေါ်ဆိုကြ၏။ ငါ့ကိုမြင်လျှင် ငါ့ကိုချီးကျူးကြ၏။
ငါ့သိုးမွေးထည်ဖြင့် သူ့ကို နွေးအောင်မလုပ်ပေးခဲ့၍ သူ၏ကိုယ်သည်လည်း ငါ့ကို ကျေးဇူးမတင်ခဲ့လျှင်၊
သူ၏သားသမီးတို့သည်ထ၍ သူ့ကို မင်္ဂလာရှိသူဟု ခေါ်တတ်ကြ၏။ သူ၏ခင်ပွန်းသည်လည်း
မောဘအမျိုးသမီးရုသက နောမိအား “လယ်ထဲသို့ အကျွန်ုပ်သွားပါရစေ။ ခွင့်ပြုသူရှိလျှင် ကောက်ရိတ်သမားတို့နောက်မှ ကောက်သင်းကောက်ပါရစေ”ဟု ဆိုလျှင် နောမိက “ငါ့သမီး၊ သွားပါ”ဟု ဆို၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။