ထိုအခါ ရှင်ဘုရင်က ထိုအမျိုးသမီးအား “ယခု ငါမေးမည့်မေးခွန်းများကို မထိမ်ဝှက်ဘဲဖြေပါ”ဟု မိန့်ဆိုလျှင် ထိုအမျိုးသမီးက “အရှင်မင်းကြီး အမိန့်ရှိတော်မူပါ”ဟု ပြန်လျှောက်၏။
မင်းကြီးက``သင့်အားမေးခွန်းတစ်ခုကိုငါ မေးမည်။ သင်သည်မှန်သည့်အတိုင်းပွင့်လင်း စွာဖြေကြားရမည်'' ဟုဆိုသော်၊ အမျိုးသမီးက``အရှင်မင်းကြီးမေးလိုရာ မေးတော်မူပါ'' ဟုလျှောက်၏။
ထို အ ခါ ဘု ရင် မင်း က၊ ငါ မေး မြန်း သည် ကို မ ထိန် ချန် ပါ နှင့် ဟု မိန့် ဆို သော် အ ရှင် မင်း မြတ် မေး မြန်း တော် မူ ပါ ဟု မိန်း မ သံ တော် ဦး တင် လျှင်
ထိုအခါ ရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင်မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
အရှင့်ကျွန်မက ‘ငါ့သခင် အရှင်မင်းကြီးသည် အကောင်းအဆိုးကိုခွဲခြားသိမြင်သော ဘုရားသခင်၏ကောင်းကင်တမန်နှင့်တူသောကြောင့် ငါ့သခင် အရှင်မင်းကြီးမိန့်သောစကားသည် စိတ်သက်သာရာရစေလိမ့်မည်’ဟု တွေးမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည် အရှင်နှင့်အတူရှိတော်မူပါစေသော”ဟု လျှောက်တင်လေ၏။
ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။
တစ်ဖန် ဇေဒကိမင်းကြီးသည် လူလွှတ်၍ ထာဝရဘုရားအိမ်တော် တတိယဝင်ပေါက်သို့ ပရောဖက်ယေရမိကို ခေါ်လာစေ၏။ ရှင်ဘုရင်က ယေရမိအား “သင့်ကိုငါမေးစရာရှိ၏။ ဘာမျှဖုံးကွယ်မထားနှင့်”ဟု မိန့်ဆို၏။
ငါသည် သင်နှင့်စကားပြောကြောင်းကို မှူးမတ်တို့ကြားသိပြီး သင့်ထံသို့လာ၍ ‘သင်သည် ရှင်ဘုရင်အား မည်သည့်စကားလျှောက်ဆို၍ ရှင်ဘုရင်ကလည်း သင့်အား မည်သည့်စကားမိန့်ဆိုသည်ကို ငါတို့အား ပြောပြပါ။ ဖုံးကွယ်မထားပါနှင့်။ သင့်ကိုမသတ်ပါ’ဟု ဆိုလာလျှင်