၂ ရာ 14:19 - မြန်မာ့စံမီသမ္မာကျမ်း19 ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 မင်းကြီးက``ဤသို့ငါ့အားလျှောက်ထားရန် သင့်အားစေခိုင်းသူမှာယွာဘပေလော'' ဟု မေးတော်မူ၏။ အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်၏မေး ခွန်းကိုဖြေကြားရန်လွှဲဖယ်၍မဖြစ်နိုင်ကြောင်း ကျွန်တော်မကျိန်ဆိုလျှောက်ထားပါ၏။ မည်သို့ ပြုရမည်ကိုလည်းကောင်း၊ မည်သို့လျှောက်ထား ရမည်ကိုလည်းကောင်း သင်ကြားပေးသူမှာ ကိုယ်တော့်ကျွန်ယွာဘပင်ဖြစ်ပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible19 လျှောက် ထား သ မျှ သည် ယွာ ဘ အ ကြံ မ ဟုတ် လော ဟု ဘု ရင် မင်း မေး ရာ မိန်း မ က၊ အို အ ရှင် မင်း မြတ်၊ ကိုယ် တော် အ သက် ရှင် တော် မူ သည့် အ တိုင်း အ ရှင် မင်း မြတ်၏ ထင် မြင် ချက် ကို ဝဲ ယာ သို့ ရှောင် ထွက် နိုင် သူ မ ရှိ ချေ။ ကိုယ် တော့် ကျွန် ယွာ ဘ သည် ကျွန် တော် မျိုး မ အား မိန့် မှာ လျက် လျှောက် ထား ရန် ရှိ သ မျှ ကို နှုတ် ပေး သွန် သင် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အား အကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမက အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ယာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော်မကိုမှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။ အခန်းကိုကြည့်ပါ။ |
ဧလိယက ဧလိရှဲအား “ယခု ဤမြို့၌နေခဲ့လော့။ ထာဝရဘုရားက ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ၏”ဟု ဆိုလျှင် ဧလိရှဲက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ၊ အရှင်လည်း အသက်ရှင်နေသည်နှင့်အညီ အရှင့်ကိုအကျွန်ုပ် စွန့်ခွာမသွားပါ”ဟု ပြန်ပြော၏။ ထို့ကြောင့် သူတို့သည် ဗေသလမြို့သို့ ဆင်းသွားကြ၏။
ထိုအခါ ဥရိယက ဒါဝိဒ်မင်းကြီးအား “သေတ္တာတော်နှင့်တကွ အစ္စရေးလူမျိုး၊ ယုဒလူမျိုးတို့သည် တဲများ၌သာ နေကြပါ၏။ အကျွန်ုပ်၏သခင် ယွာဘနှင့် အကျွန်ုပ်သခင်၏စစ်သည်တို့သည်လည်း ကွင်းပြင်၌သာ စခန်းချကြပါ၏။ အကျွန်ုပ်မူကား အိမ်သို့ပြန်ပြီး စားသောက်လျက်၊ မယားနှင့်အိပ်လျက် နေသင့်ပါသလော။ မင်းကြီးအသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ် ထိုသို့မပြုသင့်ပါ”ဟု ပြန်လျှောက်လေ၏။
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ ရှင်ဘုရင်လမ်းမအတိုင်းသွားပါမည်”ဟု လျှောက်စေ၏။