ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
၂ ရာ 14:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။ Common Language Bible အမျိုးသမီးက``အရှင်မင်းကြီး၊ အရှင်သည် ဘုရားသခင်၏လူမျိုးတော်အား အဘယ် ကြောင့်မတရားပြုတော်မူပါသနည်း။ ပြည် နှင်ဒဏ်သင့်သူသားတော်ကိုပြန်လာခွင့်ပေး တော်မမူသဖြင့် အရှင်သည်ယခုပင်မိန့်ကြား တော်မူခဲ့သည့်စကားအရ မိမိကိုယ်ကို ပြန်၍အပြစ်ဒဏ်သင့်စေတော်မူပါပြီ။- Garrad Bible မိန်း မ က၊ ထို သို့ မှန် ခဲ့ မူ ဘု ရား သ ခင်၏ လူ မျိုး တော့် တစ် ဖက်၌ အ ဘယ် ကြောင့် အ မှု ရှာ တော် မူ ပါ သ နည်း။ ယ ခု ထုတ် ဆင့် သော အ မိန့် တော် ကို ထောက် လျှင် နှင် ထုတ် တော် မူ သော သား တော် ကို ပြန် မ ခေါ် သည့် အ တွက် ဘုရင် မင်း ကိုယ် တော် တိုင် အ ပြစ် ရှိ ရာ ရောက် လေ ပြီ တ ကား။ Judson Bible မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏လူတို့တစ်ဖက်၌ အဘယ်ကြောင့် ကြံစည်တော်မူသနည်း။ အရှင်မင်းကြီး နှင်ထုတ်သောသူကို တစ်ဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကိုအပြစ်တင်၍ စီရင်တော်မူပါပြီတကား။ |
ထိုအခါ နာသန်က ဒါဝိဒ်မင်းကြီးအား “ထိုသူသည် အရှင်မင်းကြီးပင်ဖြစ်၏။ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါသည် သင့်ကို ရှောလုမင်းကြီးလက်မှ ကယ်နုတ်ပြီး အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးခဲ့၏။
ထိုအမျိုးသမီးကလည်း “အရှင့်ကျွန်မသည် အကျွန်ုပ်သခင်အရှင်မင်းကြီးအား စကားတစ်ခွန်းကိုလျှောက်တင်ပါရစေ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “လျှောက်စေ”ဟု ခွင့်ပြု၏။
ယခု ငါ့အစေအပါးဒါဝိဒ်အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ငါသည် သင့်ကို သိုးထိန်းကျောင်းရာစားကျက်မြေမှ ခေါ်ယူပြီး ငါ့လူမျိုးတော်အစ္စရေးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားပြီ။
အစ္စရေးအမျိုးအနွယ်အားလုံး၏အကြီးအကဲတို့နှင့် ဓားကိုင်ခြေလျင်တပ်သားလေးသိန်းတို့သည် ဘုရားသခင်၏လူမျိုးတော်စုဝေးရာနေရာတွင် နေရာယူကြ၏။