အဗရှလုံမှာ ထွက်ပြေးသွားနှင့်ပြီဖြစ်၏။ ကင်းစောင့်လုလင်တစ်ဦးသည် အနောက်ဘက်သို့မျှော်ကြည့်ရာ တောင်စောင်းလမ်းတစ်လျှောက်တွင် လူအုပ်ကြီးလာနေသည်ကိုမြင်လျှင်
၂ ရာ 13:37 - မြန်မာ့စံမီသမ္မာကျမ်း အဗရှလုံသည် ထွက်ပြေး၍ ဂေရှုရဘုရင်အမိဟုဒ်မင်းကြီး၏သားတော် တာလမဲထံသို့ ရောက်သွား၏။ ဒါဝိဒ်မင်းကြီးမူကား သားတော်ကြောင့် နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းရလေ၏။ Common Language Bible အဗရှလုံသည်ထွက်ပြေးပြီးလျှင်ဂေရှုရ ပြည်အမိဟုဒ်၏သားဘုရင်တာလမဲထံ သို့သွား၏။ ဒါဝိဒ်သည်လည်းသားတော် အာမနုန်အတွက် ကာလကြာမြင့်စွာဝမ်း နည်းကြေကွဲလျက်နေ၏။ အဗရှလုံသည် ဂေရှုရပြည်တွင်သုံးနှစ်မျှနေလေသည်။- Garrad Bible အ ဗ ရှ လုံ လည်း ဂေ ရှု ရ ဘု ရင်၊ အ မိ ဟုဒ် သား တာ လ မဲ မင်း ထံ ပြေး သွား လေ ၏။ ဒါ ဝိဒ် မင်း သည် သား တော် ဦး အ တွက် နေ့ ရှိ သ မျှ မြည် တမ်း လေ ၏။ Judson Bible အဗရှလုံသည် ပြေး၍ ဂေရှုရမင်းကြီးအမိဟုဒ်သား တာလမဲထံသို့ သွား၏။ ဒါဝိဒ်သည် မိမိသားကြောင့် နေ့တိုင်း ငိုကြွေးမြည်တမ်းလေ၏။ |
အဗရှလုံမှာ ထွက်ပြေးသွားနှင့်ပြီဖြစ်၏။ ကင်းစောင့်လုလင်တစ်ဦးသည် အနောက်ဘက်သို့မျှော်ကြည့်ရာ တောင်စောင်းလမ်းတစ်လျှောက်တွင် လူအုပ်ကြီးလာနေသည်ကိုမြင်လျှင်
ယောနဒပ်၏စကားဆုံးသည်နှင့် ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အော်ဟစ်ငိုကြွေးကြလေ၏။ ရှင်ဘုရင်နှင့်တကွ မင်းမှုထမ်းအပေါင်းတို့သည်လည်း ပြင်းစွာငိုကြွေးကြလေ၏။
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ ဘုရားသခင်၏လူမျိုးတော်ကိုဆန့်ကျင်၍ အဘယ်ကြောင့် ဤသို့စီရင်ရပါသနည်း။ နှင်ထုတ်ခံရသောသူကို အရှင်မင်းကြီးပြန်မလာစေဘဲ အရှင်မင်းကြီး ဤသို့မိန့်တော်မူခြင်းဖြင့် ကိုယ်တော်တိုင် အပြစ်ရှိကြောင်း ပြလေပြီ။
ထို့နောက် ယွာဘသည် ဂေရှုရမြို့သို့ထသွားပြီး အဗရှလုံကို ဂျေရုဆလင်မြို့သို့ ပြန်ခေါ်လာ၏။
အဗရှလုံက ယွာဘအား “ငါ့ထံသို့ လာပါ။ ငါသည် သင့်ကို ရှင်ဘုရင်ထံစေလွှတ်ပြီး ‘အကျွန်ုပ်သည် ဂေရှုရမြို့မှ ဤနေရာသို့ အဘယ်ကြောင့်ပြန်လာရပါသနည်း။ ထိုမြို့တွင်နေရခြင်းက အကျွန်ုပ်အတွက် သာ၍ကောင်းသေး၏။ အပြစ်ရှိလျှင်လည်း ကွပ်မျက်တော်မူပါ။ ယခု ရှင်ဘုရင်၏မျက်နှာတော်ကို ဖူးမြော်ပါရစေ’ဟု ရှင်ဘုရင်ထံလျှောက်တင်ပေးရန် လူလွှတ်ခေါ်သည်ကို သင်က အဘယ်ကြောင့် မလာသနည်း”ဟု ဆို၏။
အကျွန်ုပ်သည် ဆီးရီးယားပြည်၊ ဂေရှုရမြို့တွင်နေစဉ်က ‘ထာဝရဘုရားသည် အကျွန်ုပ်ကို ဂျေရုဆလင်မြို့သို့ အမှန်တကယ်ပြန်လည်ပို့ဆောင်တော်မူလျှင် ထာဝရဘုရားကို အကျွန်ုပ်ဝတ်ပြုပါမည်’ဟု ကျွန်တော်မျိုးကတိသစ္စာပြုခဲ့ပါပြီ”ဟု လျှောက်၏။
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော် မာခါနှင့်ရသောအဗရှလုံ၊ စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊