၂ ရာ 13:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။ Common Language Bible အဗရှလုံသည်ဘုရင်တို့နှင့်ထိုက်တန်သည့် စားပွဲကြီးကိုပြင်ဆင်ပြီးနောက် မိမိ၏အစေ ခံတို့အား``အာမနုန်သည်စပျစ်ရည်အလွန် အကြူးသောက်မိသောအခါ ငါအမိန့်ပေး လိုက်မည်။ ထိုအခါသင်တို့သူ့အားလုပ်ကြံ ကြလော့။ မကြောက်ကြနှင့်။ ငါကိုယ်တိုင်တာ ဝန်ယူမည်။ ရဲရင့်စွာပြုကြလော့။ လက်မရွံ့ စေကြနှင့်'' ဟုမှာကြား၍ထား၏။- Garrad Bible အိမ် တော် သား တို့ အား အ ဗ ရှ လုံ သည် တင် ကူး ၍ မှာ ထား သည် မှာ စ ပျစ် ရည် သောက် သ ဖြင့် အာ မ နုန် ရွှင် လန်း သော အ ခါ အာ မ နုန် ကို သတ် ကြ လော့ ဟု ငါ ဆို လျှင် ဆို ချင်း သတ် ကြ လော့။ မ ကြောက် ကြ နှင့်။ အ မိန့် ပေး သူ ငါ ရှိ ပြီ မ ဟုတ် လော။ အား ယူ လျက် ရဲ ရင့် စွာ ပြု ကြ ဟု မှာ ထား သည် နှင့် အ ညီ Judson Bible အဗရှလုံကလည်း၊ အာမနုန်သည် စပျစ်ရည်ကိုသောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာမနုန်ကို ထိုးခုတ်ကြဟု ငါဆိုသောအခါ၊ သေအောင်လုပ်ကြံကြ။ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိကြလော့ဟု မိမိကျွန်တို့အား မှာထားနှင့်သည်အတိုင်း၊ |
နောက်မှ ဒါဝိဒ်မင်းကြီးသည် သူ့ကို စားသောက်ပွဲသို့ ဖိတ်ပြီး မူးအောင် သောက်စေ၏။ သို့သော် နေဝင်ချိန်တွင် သူသည် အိမ်သို့မပြန်ဘဲ သူ့သခင်၏အစေအပါးများနှင့်အတူ သွားအိပ်လေ၏။
ထိုစာ၌ “တိုက်ပွဲပြင်းထန်သောနေရာတွင် ဥရိယကို ရှေ့တန်းတက်စေပြီး သင်တို့က နောက်ပြန်ဆုတ်ပါ။ သူအတိုက်ခိုက်ခံရပြီး သေပါစေ”ဟု ရေးထား၏။
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
သူတို့သည် မွန်းတည့်ချိန်တွင် စစ်ချီလာကြ၏။ ထိုအချိန်တွင် ဗင်္ဟာဒဒ်မင်းကြီးနှင့် သူ့ကိုစစ်ကူပေးသောအခြားဘုရင်သုံးဆယ့်နှစ်ပါးတို့သည် တဲများ၌ စားသောက်မူးယစ်နေကြ၏။
ခုနစ်ရက်မြောက်သောနေ့တွင် အာရွှေရုမင်းကြီးသည် စပျစ်ဝိုင်အရှိန်ကြောင့် စိတ်မြူးလာပြီး မိမိရှေ့တော်၌ခစားသော မိန်းမစိုးခုနစ်ဦးဖြစ်ကြသည့် မဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာနှင့် ကာကက် တို့ကိုခေါ်၍
လူ၏စိတ်နှလုံးကိုဝမ်းမြောက်စေသော စပျစ်ဝိုင်ကိုလည်းကောင်း၊ မျက်နှာကိုဝင်းပြောင်စေသောဆီကိုလည်းကောင်း၊ လူ၏စိတ်နှလုံးကိုလန်းဆန်းစေသော အစားအစာကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူ၏။
ထို့ကြောင့် အီဂျစ်ဘုရင်သည် ဝမ်းဆွဲတို့ကိုခေါ်၍ “သင်တို့သည် အဘယ်ကြောင့် ဤအမှုကိုပြုကြသနည်း။ အဘယ်ကြောင့် ယောက်ျားလေးများကို အသက်ချမ်းသာပေးကြသနည်း”ဟု သူတို့အား မေးလေ၏။
ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
သွားလော့။ သင်၏အစားအစာကို ဝမ်းမြောက်စွာစားလော့။ သင်၏စပျစ်ဝိုင်ကိုလည်း ကြည်ရွှင်သောစိတ်နှလုံးဖြင့် သောက်လော့။ အကြောင်းမူကား ဘုရားသခင်သည် သင်ပြုလုပ်သောအမှုများကို နှစ်သက်တော်မူပြီ။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
သို့သော် ပေတရုနှင့်တမန်တော်တို့က “လူတို့၏စကားကို နားထောင်သည်ထက် ဘုရားသခင်၏စကားကို နားထောင်သင့်ပါ၏။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ထိုသို့ ကောင်းမွန်စွာစားသောက်နေကြစဉ် ဆိုးညစ်သောမြို့သားတို့သည် အိမ်ကိုဝိုင်းထား၍ တံခါးထုရိုက်လျက် “သင့်အိမ်သို့ရောက်လာသောယောက်ျားနှင့် ဆက်ဆံလို၍ သူ့ကိုထုတ်ပေးပါ”ဟု အိမ်ရှင်အဖိုးအိုအား ဆို၏။
သူတို့နှစ်ယောက်သည် ထိုင်၍ အတူတကွစားသောက်ကြ၏။ ထို့နောက် မယားငယ်၏ဖခင်က “တစ်ညလောက်တော့အိပ်ပါဦး။ စိတ်အပန်းဖြေပါဦး”ဟု ဆိုပြန်၏။
တစ်ဖန် ထိုသူသည် မိမိမယားငယ်နှင့်တကွ ငယ်သားပါလျက် ပြန်သွားမည်ပြုသောအခါ ယောက္ခမက “ယခု ညနေစောင်းပြီ၊ မိုးချုပ်တော့မည်။ ယခုညလည်း အိပ်ပါဦး။ အေးအေးဆေးဆေးနားပါဦး။ မနက်ရောက်မှ စောစောထ၍ သင့်အိမ်သို့ ပြန်ပါ”ဟု ဆို၏။
ဗောဇသည် စားသောက်ပြီးလျှင် စိတ်အလိုပြည့်စုံသွားပြီဖြစ်၍ ကောက်လှိုင်းပုံအစွန်တွင် သွားအိပ်လေ၏။ ရုသလည်း ဗောဇအနီးသို့ တိတ်တဆိတ်ချဉ်းကပ်လာ၍ သူ၏ခြေ၌ဖုံးထားသောအဝတ်ကိုလှစ်၍ လှဲအိပ်လေ၏။
“ ‘ရှင်ဘုရင်သည် သင့်ကိုနှစ်သက်၏။ မင်းမှုထမ်းတို့လည်း သင့်ကိုသဘောကျ၏။ ထို့ကြောင့် ရှင်ဘုရင်၏သမက်အဖြစ် လက်ခံပါ’ဟူ၍ ဒါဝိဒ်အား တိတ်တဆိတ်ပြောကြလော့”ဟု ရှောလုမင်းကြီးက သူ၏အမှုထမ်းတို့အား မိန့်ဆို၏။
ထိုအခါ ရှောလုမင်းကြီးက “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤအမှုကြောင့် သင့်အပေါ် အပြစ်မရောက်ရ”ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို၏။
ရှင်ဘုရင်ကလည်း သူ့အား “သင်မကြောက်နှင့်။ ယခု အဘယ်အရာကို သင်မြင်သနည်း”ဟု မေးလျှင် ထိုမိန်းမက ရှောလုမင်းကြီးအား “မြေကြီးထဲမှ ဘုရားတစ်ပါး တက်လာသည်ကို မြင်ရပါ၏”ဟု ပြောပြ၏။