၂ ရာ 12:19 - မြန်မာ့စံမီသမ္မာကျမ်း
မိမိအမှုထမ်းတို့ တီးတိုးပြောဆိုနေကြသည်ကို ဒါဝိဒ်မင်းကြီးမြင်လျှင် သူငယ်သေဆုံးကြောင်းကို ရိပ်မိသဖြင့် ဒါဝိဒ်မင်းကြီးက အမှုထမ်းတို့အား “သူငယ်ဆုံးသွားပြီလော”ဟု မေးလိုက်ရာ သူတို့က “သူငယ်ဆုံးသွားပါပြီ”ဟု ပြန်လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်သည်ထိုသူတို့အချင်းချင်းတီးတိုး ပြောဆိုနေကြသည်ကိုမြင်လျှင် ကလေး သေကြောင်းကိုရိပ်မိသဖြင့်သူတို့အား``ကလေး သေပြီလော'' ဟုမေး၏။ သူတို့ကလည်း``မှန်လှပါ၊ ကလေးသေပါပြီ'' ဟုလျှောက်ကြ၏။
အခန်းကိုကြည့်ပါ။
သို့ ရာ တွင် ကျေး ကျွန် သင်း ပင်း တို့ အ ချင်း ချင်း တီး တိုး ပြော ကြ သည် ကို ဒါ ဝိဒ် မင်း သိ မြင် လျှင် သူ ငယ် သေ ကြောင်း ကို ရိပ် မိ လျက် သူ ငယ် သေ ပြီ လော ဟု မေး ရာ သေ ပါ ပြီ ဟု တင် လျှောက် ကြ သော အ ခါ
အခန်းကိုကြည့်ပါ။
သို့ရာတွင် ကျွန်တို့သည် တိုးတိုးပြောသောစကားကို ဒါဝိဒ်သည်ကြားလျှင်၊ သူငယ်သေကြောင်းကိုရိပ်မိသဖြင့်၊ သူငယ်သေပြီလောဟု ကျွန်တို့ကို မေးတော်မူ၏။ သူတို့ကလည်း သေပါပြီဟု လျှောက်ကြ၏။
အခန်းကိုကြည့်ပါ။