ထိုအခါ ဒါဝိဒ်မင်းကြီးသည် လူလွှတ်၍ ထိုမိန်းမအကြောင်းကို မေးမြန်းစေရာ “သူသည် ဧလျံ၏သမီး၊ ဟိတ္တိလူမျိုး ဥရိယ၏မယား ဗာသရှေဘ ဖြစ်ပါ၏”ဟု ပြန်လျှောက်ကြ၏။
သို့ဖြစ်၍ဒါဝိဒ်သည်လူလွှတ်၍မည်သူဖြစ် ကြောင်းစုံစမ်းစေရာဧလျံ၏သမီး၊ ဟိတ္တိ အမျိုးသားဥရိယ၏ဇနီးဗာသရှေဘ ဖြစ်ကြောင်းကိုသိရှိတော်မူရ၏။-
မည် သူ ဖြစ် ကြောင်း စုံ စမ်း စေ ရာ ဧ လျံ့ သ မီး၊ ဟိ တ္တိ လူ မျိုး ဥရိ ယ၏ မ ယား၊ ဗာ သ ရှေ ဘ ဖြစ် ပါ သည် ဟု တင် လျှောက် သော်
ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
ဆင်းရဲသောသူ၌မူကား သူဝယ်ယူထားသော သိုးသငယ်မလေးတစ်ကောင်မှလွဲ၍ မည်သည့်အရာမျှမရှိ။ သူသည် ထိုသိုးသငယ်မလေးကို ကျွေးမွေးပြုစုခဲ့၏။ သူနှင့်အတူနေ၍ သူ့သားသမီးနှင့်အတူကြီးပြင်းလာ၏။ သူနှင့်အတူ စား၏။ သူ့ခွက်တွင်ပင် သောက်၏။ သူ့သမီးကဲ့သို့ သူ့ရင်ခွင်တွင် အိပ်၏။
မာခါသိလူမျိုး အဟသဘဲ၏သား ဧလိဖလက်၊ ဂိလောနိလူမျိုး အဟိသောဖေလ၏သား ဧလျံ၊
ဟိတ္တိလူမျိုး ဥရိယ စုစုပေါင်း သုံးဆယ့်ခုနစ်ဦး ရှိသတည်း။
ဒါဝိဒ်မင်းကြီးသည် သူအသက်ရှင်သမျှကာလပတ်လုံး ဟိတ္တိလူမျိုး ဥရိယအမှုမှလွဲ၍ မိန့်မှာတော်မူသမျှတို့ကို တစ်စုံတစ်ရာမျှမလွဲဘဲ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်မှန်ကန်စွာ ပြုကျင့်ခဲ့၏။
ဟိတ္တိလူမျိုး ဥရိယ၊ အာလဲ၏သား ဇာဗဒ်၊
ဂျေရုဆလင်မြို့တွင် ရသောသားများမှာ အမျေလ၏သမီးဗာသရှုအာနှင့်ရသောရှိမာ၊ ရှောဗပ်၊ နာသန်၊ ရှောလမုန် ပေါင်းလေးယောက်အပြင်
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
အစာဝ၍ ရာဂစိတ်ကြီးသောမြင်းများကဲ့သို့ဖြစ်ပြီး အိမ်နီးချင်း၏မယားကို ဟီကြပြီ။