ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဟေလံမြို့သို့ ချီလာ၏။ ဆီးရီးယားလူမျိုးတို့လည်း စစ်ခင်းကျင်းပြီး ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။
၂ ရာ 10:18 - မြန်မာ့စံမီသမ္မာကျမ်း ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူး အယောက်ခုနစ်ရာ၊ မြင်းစီးသူရဲ အယောက်လေးသောင်းတို့ကို ကွပ်မျက်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း ထိုနေရာတွင်ပင် အသေသတ်လိုက်လေ၏။ Common Language Bible ဣသရေလအမျိုးသားတို့သည်ရှုရိပြည် သားတို့အားတိုက်ထုတ်လိုက်ကြ၏။ ဒါဝိဒ် ၏လူတို့ကရှုရိစစ်ရထားမှူးခုနစ်ရာ နှင့်မြင်းစီးသူရဲလေးသောင်းတို့ကိုသုတ် သင်ပြီးလျှင် ရန်သူဗိုလ်ချုပ်ရှောဗက်ကို လည်းဒဏ်ရာရစေ၏။ ထို့ကြောင့်သူသည် စစ်မြေပြင်၌ပင်သေဆုံးလေသည်။- Garrad Bible ဣ သ ရေ လ တပ် ရှေ့ ဆုတ် ပြေး ရ၍ ဒါ ဝိဒ် မင်း သည် ရှု ရိ ရ ထား စီး သူ ရဲ ခု နစ် ရာ၊ မြင်း စီး သူ ရဲ လေး သောင်း တို့ ကို လုပ် ကြံ သည့် ပြင်၊ ဗိုလ် ချုပ် ရှော ဗက် ကို လည်း စစ် မြေ ပြင်၌ ပင် ကျ ဆုံး စေ ၏။ Judson Bible ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍၊ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း ထိခိုက်သဖြင့် သူသည် ထိုအရပ်၌သေ၏။ |
ထိုသတင်းကိုဒါဝိဒ်မင်းကြီးကြားလျှင် အစ္စရေးလူမျိုးအပေါင်းတို့ကိုစုဝေးစေပြီး ဂျော်ဒန်မြစ်ကိုကူးကာ ဟေလံမြို့သို့ ချီလာ၏။ ဆီးရီးယားလူမျိုးတို့လည်း စစ်ခင်းကျင်းပြီး ဒါဝိဒ်မင်းကြီးကို ရင်ဆိုင်တိုက်ခိုက်လေ၏။
ထိုဘုရင်ထံမှ မြင်းစီးသူရဲအယောက်တစ်ထောင့်ခုနစ်ရာနှင့် ခြေလျင်တပ်သား အယောက်နှစ်သောင်းကိုသိမ်းပိုက်လိုက်၏။ ထို့နောက် ဒါဝိဒ်မင်းကြီးသည် မိမိအဖို့ စစ်ရထားမြင်းအကောင်တစ်ရာကိုချန်ထားပြီး ကျန်စစ်ရထားမြင်းအားလုံးကို တံကောက်ကြော ဖြတ်ပစ်လေ၏။
ဇောဘလူမျိုးတို့ကို ဒါဝိဒ်မင်းကြီး နှိမ်နင်းခဲ့စဉ်က ရေဇုန်သည် လူတို့ကိုစုရုံးပြီး ခေါင်းဆောင်လုပ်ကာ ဓားပြအုပ်စုဖွဲ့လေ၏။ သူတို့သည် ဒမတ်စကပ်မြို့သို့သွားရောက်နေထိုင်ပြီး ထိုမြို့တွင် ဗိုလ်ကျစိုးမိုးကြ၏။
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူးအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်လေးသောင်းတို့ကို သုတ်သင်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း အသေသတ်လိုက်လေ၏။
အကျွန်ုပ်သည် သူတို့မထနိုင်အောင် ချေမှုန်းခဲ့ပါ၏။ သူတို့သည် အကျွန်ုပ်၏ခြေအောက်တွင် လဲကျခဲ့ကြပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို ဟာဇော်မြို့၌စိုးစံသော ခါနာန်ဘုရင်ယာဘိန်မင်းကြီးလက်သို့ ရောင်းလိုက်လေ၏။ ထိုဘုရင်၏စစ်သူကြီးမှာ ဟာရောရှက်ဟာဂေါအိမ်မြို့၌နေထိုင်သော သိသရဖြစ်၏။
သိသရကို လိုက်ရှာနေသော ဗာရက်ရောက်လာသောအခါ ယေလက သူ့ကိုထွက်ကြို၍ “လာပါ။ အရှင်ရှာဖွေနေသောသူကို အကျွန်ုပ် ပြပါမည်”ဟု ဆိုသဖြင့် သူသည် တဲထဲသို့လိုက်ဝင်သွားရာ သိသရသည် နားထင်၌ငုတ်တိုင်စူးဝင်၍လဲသေနေသည်ကို တွေ့ရလေ၏။
သူ့လက်ဖြင့်တဲငုတ်တိုင်ကို ယူ၏။ လက်ယာလက်၌ကိုင်ထားသော လက်သမားတူဖြင့် သိသရခေါင်းကို ထုရိုက်၏။ နားထင်ကို ထိုးဖောက်၏။