၂ ရာ 10:19 - မြန်မာ့စံမီသမ္မာကျမ်း19 ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် အစ္စရေးလူမျိုးတို့နှင့် မဟာမိတ်ဖွဲ့ပြီး သူတို့၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။ အခန်းကိုကြည့်ပါ။Common Language Bible19 ဟာဒဒေဇာ၏လက်အောက်ခံဘုရင်များသည် ဣသရေလအမျိုးသားတို့၏လက်တွင် မိမိ တို့အရေးရှုံးနိမ့်ကြပြီဖြစ်ကြောင်းသိရှိ ကြသောအခါ ဣသရေလအမျိုးသားတို့ နှင့်စစ်ပြေငြိမ်းရန်စေ့စပ်၍သူတို့၏လက် အောက်ခံဖြစ်လာကြ၏။ ရှုရိပြည်သားတို့ သည်လည်းအမ္မုန်ပြည်သားတို့အားနောက် တစ်ဖန်စစ်မကူဝံ့ကြတော့ချေ။ အခန်းကိုကြည့်ပါ။Garrad Bible19 ဟာ ဒ ဒေ ဇာ မင်း၏ လက် အောက် ခံ မင်း ဟူ သ မျှ တို့ သည် ဣ သ ရေ လ လူ မျိုး ရှေ့ ရှုံး ကြောင်း သိ မြင် လျှင် ဣ သ ရေ လ လူ မျိုး ထံ တောင်း ပန် တိုး လျှိုး၍ လက် အောက် ခံ ဖြစ် ရ ကြ၏။ ရှု ရိ လူ မျိုး တို့ လည်း အ မ္မုန် အ မျိုး သား တို့ ကို နောက် တစ် ဖန် စစ် မ ကူ ဝံ့ ကြ။ အခန်းကိုကြည့်ပါ။Judson Bible19 ဟာဒဒေဇာ၌ ကျွန်ခံသောမင်းကြီးအပေါင်းတို့သည် ဣသရေလအမျိုးရှေ့မှာမိမိတို့ရှုံးသည်ကိုသိမြင်လျှင်၊ ဣသရေလအမျိုးနှင့် မိတ်သဟာယဖွဲ့၍ကျွန်ခံကြ၏။ ထိုသို့ ရှုရိလူတို့သည် နောက်တစ်ဖန် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့ကြ။ အခန်းကိုကြည့်ပါ။ |
ထိုသူတို့သည် သူခံရသည့်ညှဉ်းဆဲခြင်းကိုကြောက်ကြသောကြောင့် အဝေးမှရပ်လျက် ‘ကြီးမားသောမြို့၊ အားကြီးသောဘေဘီလုံမြို့၊ သင်သည် စိတ်မချမ်းမြေ့ဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်တကား။ အဘယ်ကြောင့်ဆိုသော် သင်ခံရသည့်တရားစီရင်ခြင်းသည် တိုတောင်းသောအချိန်တစ်ခုအတွင်း၌ ကျရောက်လေပြီ’ဟု ဆိုကြလိမ့်မည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။