ရှောလုမင်းကြီးသည် အနောက်ကိုလှည့်ကြည့်၍ အကျွန်ုပ်ကို မြင်လျှင် လှမ်းခေါ်ပါ၏။ အကျွန်ုပ်ကလည်း ‘အကျွန်ုပ်ရှိပါ၏’ဟု ထူးပါ၏။
ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
ရှော လု မင်း လှည့် ကြည့်၍ ကျွန် တော် မြင် လျှင် ခေါ် တော် မူ ပါ၏။ ကျွန် တော် က လည်း၊ ရောက် ပါ ပြီ ဘု ရား ဟု တင် လျှောက် ရာ
ရှောလုသည် နောက်တော်သို့ ကြည့်သဖြင့် ကျွန်တော်ကိုမြင်၍ ခေါ်ပါ၏။
သတင်းကြားပြောသောလူငယ်က “အကျွန်ုပ်သည် ဂိလဗောတောင်ပေါ် ရောက်သွားချိန်တွင် ဤအဖြစ်အပျက်နှင့်ကြုံခဲ့ရပါ၏။ ရှောလုမင်းကြီးသည် လှံကိုမှီလျက်နေပါ၏။ စစ်ရထားနှင့် မြင်းတပ်တို့သည် သူ့ထံသို့ ရောက်လုဆဲဆဲဖြစ်နေသည်ကို တွေ့ရပါ၏။
သူက အကျွန်ုပ်အား ‘သင်ကား မည်သူနည်း’ဟု မေးလျှင် ‘အကျွန်ုပ်သည် အာမလက်လူမျိုး ဖြစ်ပါသည်’ဟု ပြောပြပါ၏။
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
ထာဝရဘုရားက “ငါ့ကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါ ထင်ရှားပြ၏။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့နာမကိုမခေါ်သောလူမျိုးအား ‘ဤနေရာတွင် ငါရှိ၏။ ဤနေရာတွင် ငါရှိ၏’ဟု ငါဆို၏။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ထိုအခါ ရှောလုမင်းကြီးက “အဟိတုပ်၏သား၊ ယခု နားထောင်လော့”ဟု ဆိုလျှင် အဟိမလက်က “ဟုတ်ကဲ့ပါ အရှင်”ဟု လျှောက်၏။