“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
၂ ရာ 1:27 - မြန်မာ့စံမီသမ္မာကျမ်း သူရဲကောင်းတို့ ကျရှုံးလေပြီတကား။ စစ်လက်နက်တို့ ပျက်စီးလေပြီတကား”ဟူ၍ ဖြစ်သတည်း။ Common Language Bible ``သူရဲကောင်းစစ်သည်တော်တို့သည် ကျဆုံးကြလေပြီ။ သူတို့၏လက်နက်များသည်စွန့်ပစ်ခြင်းကိုခံရ၍ အသုံးမဝင်ကြတော့သည်တကား။'' Garrad Bible စွမ်း ရည် ကောင်း သူ တို့ ကျ၍ စစ် လက် နက် များ လည်း ဆုံး ပါး ပြီ တ ကား ဟု ယု ဒ အ မျိုး သား တို့ အား သွန် သင် အပ် သော လေး တော် သီ ချင်း ကို ဖွဲ့ ဆို လေ ၏။ Judson Bible သူရဲတို့သည် လဲသေကြပြီတကား။ စစ်တိုက်လက်နက်တို့သည် ဆုံးကြပြီတကားဟု ပါသတည်း။ |
“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
စစ်သူရဲတို့သည် စစ်ပွဲအလယ်တွင် ကျရှုံးရပါပြီတကား။ ယောနသန်သည် ကုန်းမြင့်ပေါ်တွင် အသတ်ခံရပါပြီတကား။
ဧလိရှဲသည် သေလုမျောပါးနာမကျန်းဖြစ်နေချိန်တွင် အစ္စရေးဘုရင်ယောရှမင်းကြီးက သူ့ထံလာ၍ငိုကြွေးလျက် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထား၊ အစ္စရေးမြင်းစီးသူရဲများပါတကား”ဟု ဆို၏။
ထိုအခြင်းအရာကို ဧလိရှဲမြင်လျှင် “အကျွန်ုပ်အဖ၊ အကျွန်ုပ်အဖ၊ အစ္စရေးစစ်ရထားနှင့် မြင်းစီးသူရဲများပါတကား”ဟု အော်ဟစ်လေ၏။ ထိုအချိန်မှစ၍ ဧလိယကို သူ မမြင်ရတော့ပေ။ သူသည် မိမိအဝတ်ကိုကိုင်၍ နှစ်ပိုင်းဆုတ်ဖြဲ၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးအစွန်းတိုင်အောင် စစ်ပွဲတို့ကိုအဆုံးသတ်စေတော်မူ၏။ လေးကိုချိုးလျက် လှံကိုအပိုင်းပိုင်းဖြတ်ကာ စစ်ရထားတို့ကို မီးဖြင့်ရှို့တော်မူ၏။
ထာဝရဘုရားနှင့် အမျက်တော်လက်နက်သည် မြေတစ်ပြင်လုံးကိုဖျက်ဆီးရန် ကောင်းကင်အစွန်း၊ ဝေးလံသောအရပ်မှ လာကြပြီ။