ယောနသန်၏လေးသည် အသတ်ခံရသူ၏အသွေးကို မသောက်ရဘဲ၊ ခွန်အားကြီးသူတို့၏အဆီကို မစားရဘဲ နောက်ပြန်မဆုတ်တတ်။ ရှောလုမင်းကြီး၏ဓားသည်လည်း လက်ချည်းသက်သက် ပြန်မလာတတ်။
ခွန်အားကြီးသူတို့ကိုပစ်ခတ်ရာတွင်လည်း ကောင်း၊ ရန်သူကိုသတ်ဖြတ်ရာတွင်လည်းကောင်း၊ ယောနသန်၏လေးသည်အာနိသင်ထက်လှ၍ ရှောလု၏ဋ္ဌားသည်သနားညှာတာမှုမရှိ။
ကျ ဆုံး သူ တို့ အ သွေး၊ စွမ်း ရည် ကောင်း သူ တို့ အ ဆီ ကို မ သောက် ဘဲ ယော န သန်၏ လေး တော် သည် မ တွန့် မ ဆုတ်။ ရှော လု မင်း ၏ ဓား တော် လည်း မ ပြန် ချေ။
သူရဲတို့၏အသွေး၊ ခွန်အားကြီးသောသူတို့၏ဆီဥမှ ယောနသန်၏လေးသည် နောက်သို့မလှန်။ ရှောလု၏ဓားတော်သည် ကိုယ်ချည်းပြန်၍ မလာတတ်။
ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။
ငါ့မြားတို့ကို သွေးဖြင့်ယစ်မူးစေမည်။ ငါ့ဓားသည် အသားကိုစားမည်။ အသတ်ခံရသူ၊ အဖမ်းဆီးခံရသူတို့၏သွေးကိုသောက်မည်။ ရန်သူ့ခေါင်းဆောင်တို့၏ဦးခေါင်းကိုလည်း စားမည်”ဟူ၍ ငါကျိန်ဆိုသည်’ဟု မိန့်တော်မူ၏။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
သူသည် ရဲစွမ်းသတ္တိအပြည့်ရှိသူဖြစ်၏။ အာမလက်လူမျိုးတို့ကို ချေမှုန်း၍ အစ္စရေးလူမျိုးတို့ကို တိုက်ခိုက်လုယက်သူတို့၏လက်မှ ကယ်နုတ်ခဲ့၏။
ထို့နောက် ယောနသန်သည် မိမိဝတ်ထားသောဝတ်လုံကိုချွတ်ပြီး ဒါဝိဒ်အားပေး၏။ စစ်ဝတ်တန်ဆာများ၊ ဓား၊ လေးနှင့်ခါးပန်းတို့ကိုလည်း ပေး၏။