ရှောလုမင်းကြီးနှင့် သူ့သားယောနသန်မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ်သောအစ္စရေးအမျိုးအနွယ်တို့သည် ဓားဖြင့် သေဆုံးကြရသောကြောင့် နေဝင်ချိန်တိုင်အောင် အစာရှောင်ငိုကြွေးမြည်တမ်းကြ၏။
သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
ဓား ဘေး ဖြင့် ကျ ဆုံး သော ရှော လု မင်း နှင့် သား တော် ယော န သန် မှ စ၍ ထာ ဝ ရ ဘု ရား၏ ရဲ မက်၊ ဣ သ ရေ လ အ မျိုး သား တို့ အ တွက် ညဉ့် ဦး တိုင် အောင် အ စာ မ စား ဘဲ မြည် တမ်း ငို ကြွေး လျက် နေ ကြ ၏။
ရှောလုမှစ၍ သားတော်ယောနသန်၊ ထာဝရဘုရား၏လူများ၊ ဣသရေလအမျိုးသားတို့သည် ဓားဖြင့်လဲသေသောကြောင့်၊ သူတို့အတွက် ညဉ့်ဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။
ထို့နောက် နေမဝင်မီ လူအပေါင်းတို့သည် လာ၍ ဒါဝိဒ်မင်းကြီးအား စားတော်ခေါ်ရန် တိုက်တွန်းလေ၏။ သို့သော် ဒါဝိဒ်မင်းကြီးက “နေမဝင်မီ မုန့်ဖြစ်စေ၊ အစာတစ်စုံတစ်ရာကိုဖြစ်စေ စားမိလျှင် ဘုရားသခင်သည် ငါ့ကိုစီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော”ဟု ကျိန်ဆိုလေ၏။
သင်၏ရန်သူလဲကျသောအခါ ဝမ်းမြောက်ခြင်းမရှိနှင့်။ သူခလုတ်တိုက်သောအခါ၌လည်း သင်၏စိတ်နှလုံးရွှင်လန်းခြင်းမရှိစေနှင့်။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ယောသပ်အမျိုးပျက်စီးသွားသည်ကို ဝမ်းမနည်းဘဲ အကောင်းဆုံးဆီမွှေးကိုလိမ်းကျံပြီး စပျစ်ဝိုင်ကို ဖလားလိုက်သောက်လျက်နေကြ၏။
သို့သော် သင်တို့အား ငါဆိုမည်။ သင်တို့၏ရန်သူများကိုချစ်၍ သင်တို့ကိုညှဉ်းဆဲသောသူတို့အတွက် ဆုတောင်းပေးကြလော့။
တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။
ထို့နောက် အရိုးကိုယူ၍ ယာဗက်မြို့ရှိ မန်ကျည်းပင်အောက်တွင် သင်္ဂြိုဟ်ပြီး ခုနစ်ရက်တိုင်တိုင် အစာရှောင်ကြ၏။
ဤသို့ဖြင့် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်၊ လက်နက်ကိုင်လုလင်နှင့် သူ့နောက်လိုက်အပေါင်းတို့သည် ထိုနေ့တစ်နေ့ချင်းတွင် အတူသေကြရလေ၏။