အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ပေ 3:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခိုး သူ ကဲ့ သို့ ရောက် လာ မည့် ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ၌ မိုး ကောင်း ကင် သည် အုတ် အုတ် သဲ သဲ ပျောက် လွင့် လျက် လော က ဓာတ် များ သည် ပူ ပြင်း သ ဖြင့် ပြယ် ပျောက် လျက် မြေ ပ ထ ဝီ နှင့် မှီ ရှိ သ မျှ သည် ကျွမ်း လောင် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့သော် ထာဝရဘုရား​၏​နေ့ရက်​သည် သူခိုး​ကဲ့သို့ ရောက်လာ​လိမ့်မည်။ ကောင်းကင်​သည် မြည်ဟည်း​၍ ပျောက်ကွယ်​လိမ့်မည်။ လောကဓာတ်တို့​သည် အလွန်​ပူပြင်း​၍ ပျက်ပြယ်သွားကြ​လိမ့်မည်။ ကမ္ဘာ​မြေကြီး​နှင့် ကမ္ဘာမြေ​ပေါ်တွင် ပြုလုပ်ထား​သမျှ အရာ​အားလုံး​သည် ပျောက်ကွယ်သွား​လိမ့်မည်။

အခန်းကိုကြည့်ပါ။



၂ ပေ 3:10
36 ပူးပေါင်းရင်းမြစ်များ  

ထို​အရာ​တို့​သည် ပျက်စီး​သွား​သော်လည်း ကိုယ်တော်​သည် ဆက်၍​တည်​ပါ​၏​။ ထို​အရာ​ရှိသမျှ​တို့​သည် အဝတ်​ကဲ့သို့ ဟောင်းနွမ်း​ကြ​လိမ့်မည်​။ ကိုယ်တော်​သည် ထို​အရာ​တို့​ကို အဝတ်​လဲ​သကဲ့သို့ လဲ​တော်မူ​သဖြင့် ၎င်း​တို့​သည် ပြောင်းလဲ​ကြ​လိမ့်မည်​။


လူမျိုးတကာ​တို့​သည် မငြိမ်မသက်​ဖြစ်​ကြ​၏​။ တိုင်းနိုင်ငံ​တို့​သည် တုန်လှုပ်​ကြ​၏​။ ကိုယ်တော်​သည် မိမိ​အသံ​ကို​လွှင့်​တော်မူ​သောအခါ ကမ္ဘာမြေကြီး​သည် အရည်ပျော်​လေ​၏​။


ထာဝရဘုရား​၏​ရှေ့​တော်​၊ ကမ္ဘာမြေ​တစ်ခွင်လုံး​ကို​အစိုးရ​သော အရှင်​၏​ရှေ့​တော်​၌ တောင်​များ​သည် ဖယောင်း​ကဲ့သို့ အရည်ပျော်​ကြ​၏​။


အကယ်စင်စစ် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၌ နေ့ရက်​တစ်​ရက်​ရှိ​၏​။ ထို​နေ့ရက်​၌ မောက်မာ​ထောင်လွှား​သော​သူ​၊ ကိုယ့်ကိုယ်ကိုယ်​ချီးမြှောက်​သော​သူ​အပေါင်း​တို့​၏​မာန်စွယ်​ကို ချိုး​တော်မူ​မည်​။


ကမ္ဘာမြေကြီး​သည် အစိတ်စိတ်အမွှာမွှာ​ကွဲ​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် လုံးလုံး​ကွဲအက်​လေ​ပြီ​။ ကမ္ဘာမြေကြီး​သည် သွက်သွက်​ခါလှုပ်​လေ​ပြီ​။


ကောင်းကင်​တန်ဆာ​တို့​သည် ပျက်စီးပျောက်ကွယ်​သွား​၍ ကောင်းကင်​သည် စာလိပ်​ကဲ့သို့​လိပ်​သွား​မည်​။ ကောင်းကင်တန်ဆာ​တို့​သည် စပျစ်ပင်​မှ အရွက်​ကြွေကျ​သကဲ့သို့​၊ သဖန်းပင်​မှ အရွက်​ကြွေကျ​သကဲ့သို့ ကြွေကျ​ကြ​လိမ့်မည်​။


မိုးကောင်းကင်​ကို မျှော်ကြည့်​ကြ​လော့​။ အောက်​အရပ်​ကမ္ဘာမြေကြီး​ကို​လည်း ကြည့်​ကြ​လော့​။ မိုးကောင်းကင်​သည် မီးခိုး​ကဲ့သို့​ကွယ်ပျောက်​သွား​မည်​။ ကမ္ဘာမြေကြီး​သည်​လည်း အဝတ်​ကဲ့သို့​ဟောင်းနွမ်း​သွား​မည်​။ မြေကြီးသား​တို့​သည်​လည်း မှက်ကောင်​ကဲ့သို့ သေဆုံး​ကြ​မည်​။ သို့သော် ငါ​၏​ကယ်တင်​ခြင်း​သည် အစဉ်အမြဲ​တည်​မည်​။ ငါ​၏​ဖြောင့်မတ်​ခြင်း​သည် ပျောက်ပျက်​မည်​မ​ဟုတ်​။


အလို​၊ ထာဝရဘုရား​၏​နေ့ရက်​ပါတကား​။ ထို​နေ့ရက် ရောက်လု​နီး​ပြီ​။ ထို​နေ့ရက်​သည် အနန္တတန်ခိုးရှင်​ထံ​တော်​မှ​ဖျက်ဆီး​ခြင်း​ဘေး​ကဲ့သို့ ရောက်လာ​လိမ့်မည်​။


ဇိအုန်​တောင်​ပေါ်တွင် တံပိုး​မှုတ်​ကြ​လော့​။ ငါ​၏​သန့်ရှင်း​ရာ​တောင်​တော်​ပေါ်တွင် သတိပေးသံပြု​ကြ​လော့​။ ထာဝရဘုရား​၏​နေ့ရက်​သည် လာ​နေ​ပြီ​၊ အမှန်ပင် ရောက်​လု​နီး​ပြီ​ဖြစ်​သောကြောင့် ပြည်သူပြည်သား​အပေါင်း​တို့​၊ ထိတ်လန့်တုန်လှုပ်​ကြ​လော့​။


ကြောက်မက်​ဖွယ်​ကောင်း​သော ထာဝရဘုရား​၏​နေ့ရက်​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​၍ လ​သည် သွေး​ဖြစ်​လိမ့်မည်​။


တရားစီရင်​ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​၌ လူ​အမြောက်အမြား ပြည့်နှက်​နေ​ပါ​တကား​။ စင်စစ် ဆုံးဖြတ်​ရာ​ချိုင့်ဝှမ်းလွင်ပြင်​တွင် ထာဝရဘုရား​၏​နေ့ရက် ရောက်လု​နီး​ပြီ​။


ထာဝရဘုရား​က “ကြည့်ရှု​လော့​။ ထွန်ယက်​သော​သူ​သည် ရိတ်သိမ်း​သော​သူ​ကို​လည်းကောင်း​၊ စပျစ်သီး​နင်းနယ်​သော​သူ​သည် မျိုးစေ့​ကြဲ​သော​သူ​ကို​လည်းကောင်း ကျော်လွန်​သွား​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်​။ တောင်​များ​ပေါ်တွင် စပျစ်ဝိုင်​အသစ်​ယိုစီး​၍ တောင်ကုန်း​ရှိသမျှ​ကို ဖုံးလွှမ်း​မည့်​နေ့ရက်​ရောက်လာ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားရှင်​ထာဝရဘုရား​သည် မြေကြီး​ကို တို့​တော်မူ​လျှင် မြေကြီး​သည်​အရည်ပျော်​ကျ​၍ သက်ရှိ​အပေါင်း​တို့ ငိုကြွေးမြည်တမ်း​ရ​လိမ့်မည်​။ တစ်ပြည်လုံး နိုင်း​မြစ်ရေ​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ ပြန်ဆုတ်​သွား​လိမ့်မည်​။


မီး​နှင့်​ထိ​သော​ဖယောင်း​ကဲ့သို့​လည်းကောင်း​၊ တောင်စောင်း​တွင် စီးဆင်း​သော​ရေ​ကဲ့သို့​လည်းကောင်း ခြေ​တော်​အောက်​တွင် တောင်​များ​အရည်ပျော်​၍ ချိုင့်ဝှမ်းလွင်ပြင်​များ​လည်း အက်ကွဲ​ကုန်​လိမ့်မည်​။


တောင်​များ​သည် ကိုယ်တော့်​ရှေ့​တွင် တုန်ခါ​၍ တောင်ကုန်း​များ အရည်ပျော်​ကုန်​၏​။ မြေကြီး​သည် ကိုယ်တော့်​ရှေ့​တွင် တုန်လှုပ်​၍ ကမ္ဘာကြီး​နှင့် မြေကြီးသား​အပေါင်း​တို့​သည်​လည်း တုန်လှုပ်​ကြ​ပါ​၏​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ကြောက်မက်ဖွယ်​သော​နေ့ရက်​ကြီး မ​ရောက်​မီ ပရောဖက်​ဧလိယ​ကို သင်​တို့​ထံသို့ ငါ​စေလွှတ်​မည်​။


ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွား​လိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။


ကောင်းကင်​နှင့်​မြေကြီး​သည် ကွယ်ပျောက်​သွားလိမ့်မည်။ ငါ့​စကား​မူကား မည်သည့်အခါမျှ​ကွယ်ပျောက်​လိမ့်မည်​မ​ဟုတ်။


အိမ်ရှင်​သည် သူခိုး​လာ​မည့်​အချိန်​ကို​သိ​ထား​လျှင် မိမိ​အိမ်​ကို ဖောက်ထွင်း​ခွင့်ပြု​မည်​မ​ဟုတ်​ကြောင်း သိမှတ်​ကြ​လော့။


အဘယ်ကြောင့်​ဆိုသော် ဖန်ဆင်း​ခံ​လောက​သည် အချည်းနှီး​အဖြစ်​သို့​ချ​ထား​ခြင်း​ခံရ​သည်​မှာ မိမိ​ဆန္ဒ​အလျောက်​မ​ဟုတ်​ဘဲ ချ​ထား​တော်မူ​သော​အရှင်​ကြောင့်​သာ​ဖြစ်​ပြီး


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​နေ့ရက်​တွင် သင်​တို့​၌​အပြစ်တင်​စရာ​မ​ရှိ​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ကို အဆုံး​တိုင်အောင် ခိုင်ခံ့​မြဲမြံ​စေ​တော်မူ​လိမ့်မည်။


ထို​သူ​၏​ဝိညာဉ်​သည် သခင်​ဘုရား​၏​နေ့ရက်​၌ ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း သူ​၏​သွေးသား​ပျက်စီး​ဖို့ရန် ထို​သူ​ကို စာတန်​လက်​သို့​အပ်နှံ​လိုက်​ပြီ။


သင်​တို့​သည် ငါ​တို့​ကို တစ်စိတ်တစ်ဒေသ သိ​ထား​သည်​ဖြစ်၍ ငါ​တို့​သခင်​ယေရှု​၏​နေ့ရက်​၌ ငါ​တို့​သည် သင်​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​သကဲ့သို့ သင်​တို့​သည်​လည်း ငါ​တို့​အတွက် ဝါကြွား​ဝမ်းမြောက်​စရာ​ဖြစ်​ကြောင်း​ကို သင်​တို့​စုံလင်​စွာ​သိ​ကြ​လိမ့်မည်​ဟု ငါ​မျှော်လင့်​၏။


အကြောင်းမူကား သူခိုး​သည် ည​အချိန်​၌​လာ​သကဲ့သို့ သခင်​ဘုရား​၏​နေ့ရက်​သည် ရောက်လာ​မည်​ဖြစ်​ကြောင်း သင်​တို့​ကိုယ်တိုင် သေချာ​စွာ​သိ​ကြ​၏။


သို့သော် ညီအစ်ကို​တို့၊ သင်​တို့​သည် အမှောင်​ထဲ၌​မ​ရှိ​သောကြောင့် ထို​နေ့ရက်​သည် သူခိုး​ကဲ့သို့ သင်​တို့​ကို အငိုက်ဖမ်း​လိမ့်မည်​မ​ဟုတ်။


ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့်


ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။


ယခု​ရှိ​သော ကောင်းကင်​နှင့်​မြေကြီး​မူကား ထို​နှုတ်ကပတ်တော်​အားဖြင့် မီး​အတွက်​သိုမှီး​ထား​ခြင်း​ခံရ​၍ ဘုရား​တရား​မဲ့​သော​သူ​တို့​၏​ပျက်စီး​ခြင်း​နှင့် တရား​စီရင်​ခြင်း​နေ့ရက်​တိုင်အောင် ထိန်းသိမ်း​ထား​ခြင်း​ခံရ​လျက်​ရှိ​၏။


ထို့ပြင် မိမိ​တို့​၏​မူလ​အခွင့်အာဏာ​ကို​မ​ထိန်းသိမ်း​ဘဲ မိမိ​တို့​စံ​ရာ​အရပ်​ကို စွန့်ခွာ​သွား​ကြ​သည့် ကောင်းကင်​တမန်​များ​အား တရား​စီရင်​တော်မူ​ရာ​နေ့​ကြီး​အတွက် ထာဝရ​အချုပ်အနှောင်​အားဖြင့် မှောင်မည်း​ခြင်း​အောက်၌ ထိန်းသိမ်း​ထား​တော်မူ​၏။


(ကြည့်ရှု​လော့။ ငါ​သည် သူခိုး​ကဲ့သို့​လာ​မည်။ အဝတ်မပါ​အချည်းစည်း​ဖြင့်​သွားလာ​၍ မိမိ​အရှက်​ကို လူ​တို့​မြင်​ရ​သည့်​အဖြစ်​မျိုး​မ​ရှိ​စေရန် မိမိ​အဝတ်​များ​ကို​ထိန်းသိမ်း​လျက် သတိ​နှင့်​စောင့်​နေ​သော​သူ​သည် မင်္ဂလာရှိ​၏။)


ထို့နောက် ဖြူ​သော​ပလ္လင်​ကြီး​နှင့် ထို​ပလ္လင်​ပေါ်တွင်​ထိုင်​တော်မူ​သော​အရှင်​ကို ငါ​မြင်​ရ​၏။ ကောင်းကင်​နှင့်​မြေကြီး​သည် ထို​အရှင်​၏​မျက်မှောက်​မှ ပျောက်လွင့်​သွား​၍ ၎င်း​တို့​အတွက်​နေရာ​မ​ရှိ​တော့​ပေ။


ထို့နောက် ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​မြင်​ရ​၏။ အကြောင်းမူကား ပထမ​ကောင်းကင်​နှင့် ပထမ​မြေကြီး​သည် ပျောက်ကွယ်​သွား​၍ ပင်လယ်​သည်​လည်း​မ​ရှိ​တော့​ချေ။


ထို့ကြောင့် သင်​သည် မည်သို့​ခံယူ​၍ ကြားနာ​ခဲ့​သည်​ကို သတိရ​လျက် ထို​အရာ​တို့​ကို​စောင့်ထိန်း​လော့။ နောင်တရ​လော့။ သင်​သည် သတိ​နှင့်​စောင့်​နေ​ခြင်း​မ​ရှိ​ပါက သူခိုး​ကဲ့သို့ ငါ​လာ​မည်​ဖြစ်၍ မည်သည့်​အချိန်​၌ သင့်​ထံသို့​ငါ​လာ​မည်​ကို သင်​လုံးဝ​သိ​လိမ့်မည်​မ​ဟုတ်။


ကောင်းကင်​သည်​လည်း စာလိပ်​ကို​လိပ်​လိုက်​သကဲ့သို့ ပျောက်လွင့်​သွား​၍ တောင်​နှင့်​ကျွန်း​ရှိသမျှ​တို့​သည် မိမိ​တို့​နေရာ​မှ​ရွေ့​သွား​ကြ​၏။