ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
၂ တိ 4:3 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ Common Language Bible လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။- Garrad Bible အ သို့ ဆို သော် ကျန်း ခံ့ ရေး ဒေ သ နာ ကို မ နာ ခံ လို ဘဲ ယား သော နား ရှိ လျက် ကိုယ့် သ ဘော အ တိုင်း များ ပြား သော ဆ ရာ တို့ ကို ရှာ ပြီး လျှင်၊ Judson Bible အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။ |
ဧလိယက ဆက်၍လူတို့အား “ငါတစ်ဦးတည်းသာ ထာဝရဘုရား၏ပရောဖက်အဖြစ် ကျန်ခဲ့၏။ ဗာလဘုရား၏ပရောဖက်များမူကား အယောက်လေးရာ့ငါးဆယ်ရှိ၏။
ထိုအခါ အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိသည်ဟု သင့်ကို ငါပြောခဲ့သည်မဟုတ်လော”ဟု ဆို၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထိုအခါ ထာဝရဘုရားက မောရှေအား “ငါ့ကိုပြစ်မှားသောသူတိုင်းကို ငါ့စာရင်းမှ ပယ်ဖျက်မည်။
“ဤအရပ်သည် နားနေရာအရပ်ဖြစ်၏။ မောပန်းသောသူတို့သည် အနားယူကြစေ။ ဤအရပ်သည် ငြိမ်းချမ်းရာအရပ်ဖြစ်၏”ဟု မိန့်တော်မူသော်လည်း သူတို့သည် နားမထောင်လိုကြ။
သူတို့က စိတ်အာရုံမြင်ရသူတို့အား “စိတ်အာရုံ မမြင်ကြနှင့်”ဟု ဆိုတတ်ကြ၏။ ဗျာဒိတ်ရသူတို့အားလည်း “ငါတို့အား မှန်သောအရာများကို မဟောကြနှင့်။ မြှောက်ပင့်သောစကားများကို ပြောကြပါ။ လှည့်စားသောစကားများကို ဟောကြပါ။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
သို့ဖြစ်၍ သင်တို့သည် ဘေဘီလုံဘုရင်ကို အစေခံရမည်မဟုတ်ဟု ဆိုသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၊ အိပ်မက်နိမိတ်ရသူများ၊ ဗေဒင်ဆရာများနှင့် မှော်ဆရာများ၏စကားကို နားမထောင်ကြနှင့်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက သင်တို့တွင်ရှိသော ပရောဖက်များ၊ ဂမ္ဘီရအတတ်ပညာရှင်များ၏လှည့်စားခြင်းကို မခံနှင့်။ သင်တို့မြင်မက်သော အိပ်မက်တို့ကိုလည်း မယုံကြနှင့်ဟူ၍ မိန့်တော်မူ၏။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
လူလေလူလွင့်တစ်ယောက်က ‘စပျစ်ဝိုင်အကြောင်း၊ သေရည်သေရက်အကြောင်း ငါပရောဖက်ပြုဟောပြောပေးမည်’ဟု လူတစ်ယောက်ယောက်အား လိမ်လည်လှည့်စားမည်ဆိုလျှင် သူသည် ထိုလူအတွက်သာ ပရောဖက်ဖြစ်လိမ့်မည်။
ကျမ်းပြုဆရာများနှင့် ယဇ်ပုရောဟိတ်အကြီးအကဲများသည် မိမိတို့အားရည်ညွှန်း၍ ဤပုံဥပမာကိုမိန့်တော်မူကြောင်း သိကြသဖြင့် ထိုအချိန်မှာပင် ကိုယ်တော်ကိုဖမ်းဆီးရန် ရှာကြံကြ၏။ သို့သော် သူတို့သည် လူတို့ကိုကြောက်ကြ၏။
လူအပေါင်းတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များအပေါ် ထိုနည်းတူပြုကြ၏။
အေသင်မြို့သားများမှစ၍ အလည်အပတ်ရောက်ရှိလာသော သူစိမ်းဧည့်သည်အပေါင်းတို့သည် အသစ်အဆန်းဖြစ်သောအရာတစ်စုံတစ်ခုကို ပြောဆိုရန်၊ သို့မဟုတ် ကြားနာရန်အတွက်သာ အချိန်ကိုအသုံးချတတ်ကြ၏။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့ရောက်လာစဉ်က ထူးမြတ်သောစကားနှင့် ဉာဏ်ပညာတို့အားဖြင့် ဘုရားသခင်၏လျှို့ဝှက်နက်နဲသောအရာကို သင်တို့အား ဟောပြောသည်မဟုတ်။
ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။
ငါသည် သင်တို့အား သမ္မာတရားကိုဟောပြောသောကြောင့် သင်တို့၏ရန်သူဖြစ်သွားပြီလော။
တရားနှင့်မညီမေထုန်ပြုသူများ၊ လိင်တူဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သောသူများ၊ မမှန်မကန်သက်သေထွက်ဆိုသောသူများနှင့် မှန်ကန်ပြည့်စုံသောဩဝါဒကိုဆန့်ကျင်သည့် အခြားအရာအားလုံးတို့အတွက်ရှိကြောင်းကို ငါတို့သိကြ၏။
သင်သည် ခရစ်တော်ယေရှုအပေါ်၌ရှိသော ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ဖြင့် ငါ့ထံမှကြားနာရသော မှန်ကန်ပြည့်စုံသည့်တရားစကားများကို စံနမူနာအဖြစ်စွဲကိုင်ထားလော့။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့ခြင်းနှင့်ဆိုင်သော တပ်မက်ခြင်းများအတိုင်းလျှောက်လှမ်းသည့် ပြက်ရယ်ပြုတတ်သောသူများ ပေါ်လာကြလိမ့်မည်”ဟု သင်တို့အား ပြောထားခဲ့ကြ၏။