“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
၂ တိ 4:11 - မြန်မာ့စံမီသမ္မာကျမ်း လုကာတစ်ဦးတည်းသာ ငါနှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူခေါ်ဆောင်လာခဲ့လော့။ အကြောင်းမူကား သူသည် ငါ့အတွက် အမှုတော်လုပ်ငန်း၌ အသုံးဝင်သူဖြစ်၏။ Common Language Bible လုကာတစ်ဦးတည်းသာလျှင်ငါနှင့်အတူရှိ တော့၏။ မာကုကိုရှာ၍သင်နှင့်အတူခေါ်ခဲ့ လော့။ သူသည်ငါ၏လုပ်ငန်းတွင်ကူညီနိုင်သူ ဖြစ်ပေသည်။- Garrad Bible လု ကာ တစ် ယောက် သာ ငါ နှင့် အ တူ ရှိ၏။ အ မှု တော် ဆောင် ရွက် ရာ တွင် ငါ့ အ ဖို့ အ သုံး ဝင် သူ မာ ကု ကို ခေါ် ခဲ့ လော့။ Judson Bible လုကာတစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကို သင်နှင့်အတူခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လုကာတစ်ဦးတည်းသာ ကျွန်ုပ်နှင့်အတူရှိ၏။ မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ အမှုတော်ဆောင်ရွက်ရာတွင် သူသည် ကျွန်ုပ်အတွက် အသုံးဝင်သူဖြစ်၏။ |
“ငါသည် အမျက်ပြေပြီဖြစ်၍ သူတို့လမ်းလွဲဖောက်ပြန်သည်များကို ပြန်လည်ပြုပြင်ပေးမည်။ စေတနာစိတ်ထက်သန်သည့်အလျောက် သူတို့ကို ငါချစ်မည်။
သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်။
ထိုနည်းတူ နောက်ဆုံးသောသူတို့သည် အဦးဆုံးဖြစ်ကြပြီး အဦးဆုံးသောသူတို့သည် နောက်ဆုံးဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အဦးဆုံးဖြစ်မည့် နောက်ဆုံးသောသူများရှိကြ၏။ နောက်ဆုံးဖြစ်မည့် အဦးဆုံးသောသူများလည်းရှိကြ၏”ဟု မိန့်တော်မူ၏။
သူသည် ဤသို့သိရှိပြီးနောက် မာကုဟုခေါ်သောယောဟန်၏မိခင်မာရိအိမ်သို့သွားလေ၏။ ထိုအိမ်တွင် လူများစွာစုဝေးလျက် ဆုတောင်းနေကြ၏။
ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့ခြင်းအမှုကို ပြီးစီးအောင်ဆောင်ရွက်ပြီးနောက် မာကုဟုခေါ်သောယောဟန်ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
ထိုအခါ ပြင်းထန်သောငြင်းခုံမှုဖြစ်ပွားသဖြင့် သူတို့သည် တစ်ဦးနှင့်တစ်ဦးလမ်းခွဲကြ၍ ဗာနဗသည် မာကုကိုခေါ်ပြီး ဆိုက်ပရပ်ကျွန်းသို့ ရွက်လွှင့်သွားကြ၏။
ထိုရူပါရုံကို ပေါလုမြင်ရသောအခါ သူတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောစေရန် ဘုရားသခင်သည် ငါတို့ကို ခေါ်တော်မူပြီဟု ကောက်ချက်ချ၍ ချက်ချင်းပင် မာကေဒေါနိပြည်သို့သွားရန် ကြိုးစားကြ၏။
ငါနှင့်အတူအကျဉ်းချခံနေရသူအာရိတ္တာခုနှင့် ဗာနဗ၏ညီဝမ်းကွဲမာကုတို့သည် သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ မာကုသည် သင်တို့ထံသို့လာလျှင် သူ့ကိုလက်ခံကြပါဟူသည့် သူနှင့်ပတ်သက်သောညွှန်ကြားချက်များကို သင်တို့ရရှိထား၏။
သင်သိထားသည့်အတိုင်း အာရှပြည်၌ရှိသောသူအားလုံးတို့သည် ငါ့ကိုစွန့်ပယ်ကြပြီ။ ထိုသူတို့တွင် ဖုဂေလုနှင့်ဟေရမောဂင်တို့လည်းပါ၏။
သို့ဖြစ်၍ မည်သူမဆို အထက်ဖော်ပြပါ မကောင်းသောအရာများမှ မိမိကိုယ်ကိုစင်ကြယ်စေလျှင် သူသည် အသရေရှိသောအရာအတွက် သုံးရန်အိုးခွက်တည်းဟူသော သန့်ရှင်းစေခြင်းခံရ၍ သခင်အတွက် အသုံးဝင်သောအိုးခွက်၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောအိုးခွက်ဖြစ်ရလိမ့်မည်။
ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် မာကု၊ အာရိတ္တာခု၊ ဒေမနှင့် လုကာတို့သည် သင့်ကိုနှုတ်ဆက်ကြပါ၏။
သင်တို့နည်းတူ ရွေးချယ်တော်မူခြင်းခံရသော ဘေဘီလုံမြို့ရှိအသင်းတော်နှင့် ငါ့သားမာကုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။