ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
၂ တိ 3:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုမိန်းမတို့သည် အမြဲသင်ယူနေကြသော်လည်း မည်သည့်အခါမျှ သမ္မာတရားကိုသိရှိခြင်းသို့ မရောက်နိုင်ကြ။ Common Language Bible သင်ကြားမှုကိုခံယူရန်အစဉ်ပင်လိုလားကြ သော်လည်း အဘယ်အခါ၌မျှသမ္မာတရားကို နားလည်နိုင်စွမ်းမရှိသူများဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးတို့သည် အခြားသောသွန်သင်မှုများကို အစဉ်အမြဲခံယူသော်လည်း သမ္မာတရားကိုမူ မည်သည့်အခါမျှ နားမလည်ကြ။ |
ပြက်ရယ်ပြုတတ်သောသူသည် ဉာဏ်ပညာကိုရှာဖွေသော်လည်း မတွေ့ပေ။ အသိဉာဏ်ရှိသောသူမူကား အသိပညာကိုရလွယ်၏။
ကိုယ်တော်ကလည်း“သင်တို့အား ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်နက်နဲသောအရာများကို သိခွင့်ပေးထားသော်လည်း သူတို့ကိုမူကား သိခွင့်မပေးထားသောကြောင့်ဖြစ်၏။
အချင်းချင်းပေးသော ဘုန်းအသရေကိုခံယူကြပြီး တစ်ဆူတည်းသောဘုရားသခင်ပေးသော ဘုန်းအသရေကိုမလိုလားသော သင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
ဤသို့ဖြင့် ငါတို့သည် လူတို့၏ကောက်ကျစ်စဉ်းလဲမှုနှင့် ပရိယာယ်ဖြင့်လှည့်ဖြားတတ်သည့်လျှို့ဝှက်အကြံအစည်တို့ကြောင့် ဖြစ်ပေါ်လာသည့်သြဝါဒလေအမျိုးမျိုး၌ လွင့်ပါ၍လူးလွန့်နေသော ကလေးသူငယ်များကဲ့သို့မဟုတ်တော့ဘဲ
သို့သော် ယနေ့ထိတိုင် ထာဝရဘုရားသည် သင်တို့အား နားလည်နိုင်သောစိတ်၊ မြင်နိုင်သောမျက်စိ၊ ကြားနိုင်သောနားတို့ကို ပေးတော်မမူ။
လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
ဆန့်ကျင်ဘက်ပြုသောသူတို့ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့် ဆုံးမသွန်သင်ရမည်။ သို့ပြုလျှင် ဘုရားသခင်သည် သူတို့အား နောင်တရသောအခွင့်ကိုပေးတော်မူသဖြင့် သူတို့သည် သမ္မာတရားကိုသိရှိလာကာ
ထိုမေလခိဇေဒက်နှင့်ပတ်သက်၍ ငါတို့တွင် ပြောစရာစကားများစွာရှိသော်လည်း သင်တို့သည် နားဝေးကြသောကြောင့် ရှင်းပြရန်ခက်၏။