ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
၂ တိ 2:18 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် သမ္မာတရားလမ်းမှလွဲချော်၍ သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ခဲ့လေပြီဟုဆိုလျက် အချို့သောသူတို့၏ယုံကြည်ခြင်းကို ချွတ်ချော်လွဲမှားစေကြ၏။ Common Language Bible သူတို့သည်သမ္မာတရားလမ်းမှလွဲသွား လျက်သေလွန်သောသူတို့သည် ရှင်ပြန်ထ မြောက်ပြီဟူ၍ဆိုကာ လူအချို့တို့၏ ယုံကြည်ခြင်းကိုမှောက်လှန်နေကြ၏။- Judson Bible သူတို့က သေလွန်သော သူတို့သည် ထမြောက်ကြပြီဟု ပြောလျက်၊ သမ္မာတရားလမ်းမှ လွဲသွား၍ အချို့သောသူတို့၏ ယုံကြည်ခြင်းကို မှောက်လှန်တတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် သမ္မာတရားလမ်းမှ လွဲချော်၍ သေသောသူတို့၏ ရှင်ပြန်ထမြောက်ခြင်းသည် ဖြစ်ပျက်ပြီးလေပြီဟု ပြောဆိုလျက် လူတချို့၏ ယုံကြည်ခြင်းကို နှောင့်ယှက်ဖျက်ဆီးကြ၏။ |
ကိုယ်တော်ကလည်း“ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သောအပင်ရှိသမျှသည် အမြစ်ပါမကျန် ဆွဲနုတ်ခြင်းခံရလိမ့်မည်။
ယေရှုကလည်း“သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
အမှန်စင်စစ် သင်တို့ထဲ၌ ယုံကြည်စိတ်ချရသူများ သိသာထင်ရှားလာမည့်အကြောင်း သင်တို့တွင် ဂိုဏ်းကွဲခြင်းရှိရန်လိုအပ်ပေ၏။
ခရစ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီဟု ဟောပြောနေကြသည်မှန်လျှင် သင်တို့ထဲမှ အချို့တို့က သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်းမရှိဟု အဘယ်ကြောင့်ပြောဆိုကြသနည်း။
သို့ဖြစ်၍ သင်တို့သည် ခရစ်တော်နှင့်အတူထမြောက်ကြသည်ဆိုလျှင် ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူသောခရစ်တော်ရှိရာ အထက်အရပ်၌ရှိသည့်အရာများကို ရှာဖွေကြလော့။
အချို့သောသူတို့သည် ထိုအသိစိတ်ကို ပစ်ပယ်ကြသည့်အတွက် ယုံကြည်ခြင်းအရာ၌ သင်္ဘောပျက်စီးဆုံးရှုံးမှုကိုခံရကြပြီ။
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
လူအချို့တို့သည် ထိုအရာတို့နောက်သို့လိုက်၍ ယုံကြည်ခြင်းလမ်းမှလွဲချော်သွားကြပြီ။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ဤအကြောင်းအရာများကို သူတို့အား သတိပေးနှိုးဆော်လော့။ မည်သည့်အကျိုးမျှမရှိဘဲ ကြားနာသောသူတို့ကို ပျက်စီးစေသည့် စကားလုံးအသုံးအနှုန်းအပေါ်ငြင်းခုံခြင်းကိုမပြုကြရန် ဘုရားသခင်ရှေ့တော်၌ သူတို့ကို အလေးအနက်တိုက်တွန်းလော့။
ထိုသူတို့ကို နှုတ်ဆိတ်စေရမည်။ သူတို့သည် မစင်ကြယ်သောအကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကိုသွန်သင်လျက် မိသားစုများကို အစုလိုက်ချွတ်ချော်လွဲမှားစေကြ၏။
သို့ဖြစ်၍ ထိုမျိုးဆက်ကို ငါအမျက်ထွက်ပြီး ‘သူတို့သည် စိတ်နှလုံးထဲ၌ အစဉ်လမ်းလွဲ၍ ငါ၏လမ်းကို မသိကြ’ဟု ငါဆို၏။
ငါ့ညီအစ်ကိုတို့၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားလမ်းမှလွဲသွား၍ တစ်စုံတစ်ဦးက သူ့ကို ပြန်လည်ခေါ်ဆောင်လာလျှင်
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။