ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
၂ ကော 7:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါတို့သည် နှစ်သိမ့်မှုကိုခံစားရကြ၏။ ငါတို့ခံစားရသောနှစ်သိမ့်မှုအပြင် တိတု၏စိတ်နှလုံးသည် သင်တို့အားလုံးကြောင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရသည်ဖြစ်၍ သူ၏ဝမ်းမြောက်ခြင်းကြောင့် ငါတို့သည် ပို၍ဝမ်းမြောက်ကြ၏။ Common Language Bible ဤအကြောင်းကြောင့်ငါတို့အားတက်ကြ၏။ ငါတို့သည်အားတက်ရုံသာမက၊ အလွန်လည်း ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်သင် တို့သည်တိတုအားရွှင်လန်းစေသဖြင့်သူသည် အလွန်ဝမ်းမြောက်လျက်ရှိသည်ကိုငါတို့တွေ့ရ သောကြောင့်ဖြစ်ပေသည်။- Garrad Bible ထို ကြောင့် ငါ တို့ သည် နှစ် သိမ့် ရ ကြ ပြီ။ ထို သို့ နှစ် သိမ့် သည့် ပြင် သင် တို့ ရှိ သ မျှ ကြောင့် တိ တု စိတ် ချမ်း သာ ၍ ရွှင် လန်း သည့် အ တွက် ထပ် မံ ရွှင် လန်း ကြ ၏။ Judson Bible ထိုကြောင့် သင်တို့၏ သက်သာခြင်းအကြောင်းအားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်းသို့ရောက်သည် သာမက၊ တိတု၏ ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍ အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာအားလုံးကြောင့် ကျွန်ုပ်တို့အားရကြ၏။ ကျွန်ုပ်တို့ရရှိသော ခွန်အားအပြင် တိတုသည် သင်တို့အားဖြင့် ဝမ်းမြောက်ရသည်ဖြစ်၍ သူ၏ စိတ်နှလုံးရွှင်လန်းခြင်းကြောင့် ကျွန်ုပ်တို့သည် ပို၍ ဝမ်းမြောက်ကြ၏။ |
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
ငါ၏စိတ်ဝိညာဉ်နှင့် သင်တို့၏စိတ်ဝိညာဉ်တို့အား ငြိမ်သက်ချမ်းသာမှုကိုပေးကြ၏။ သို့ဖြစ်၍ ထိုသို့သောသူတို့ကို အသိအမှတ်ပြုကြလော့။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ငါလာသောအခါ ငါ့ကိုဝမ်းမြောက်စေရမည့်သူများသည် ငါ့ကိုဝမ်းနည်းစေမည်စိုး၍ ဤအကြောင်းအရာကို ငါရေးလိုက်ခြင်းဖြစ်၏။ ငါ၏ဝမ်းမြောက်ခြင်းသည် သင်တို့ရှိသမျှ၏ဝမ်းမြောက်ခြင်းဖြစ်သည်ဟု သင်တို့အားလုံးနှင့်ပတ်သက်၍ ငါယုံကြည်စိတ်ချလျက်ရှိ၏။
ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။
တိတုသည် သင်တို့အားလုံး၏နာခံမှုနှင့် သင်တို့သည် သူ့ကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြိုဆိုလက်ခံခဲ့ကြောင်းကို သတိရသဖြင့် သင်တို့ကို ပို၍ကြွယ်ဝစွာချစ်ခင်ကြင်နာလေ၏။
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။
ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက်ကြစေရန်နှင့် ငါသည်လည်း စိတ်သက်သာရာရစေရန် သူ့ကို မဆိုင်းမတွငါစေလွှတ်၏။
သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ
ဟုတ်ပေ၏။ ငါ့ညီ၊ ငါသည် သခင်ဘုရား၌ သင့်ထံမှ အကျိုးကျေးဇူးကိုရရှိလိုပါ၏။ ခရစ်တော်အားဖြင့် ငါ၏စိတ်နှလုံးကို ငြိမ်သက်ချမ်းသာစေပါလော့။
ငါ့ညီ၊ သန့်ရှင်းသူတို့၏စိတ်နှလုံးသည် သင့်အားဖြင့် ငြိမ်သက်ချမ်းသာမှုကိုခံစားရပြီဖြစ်၍ သင်၏ချစ်ခြင်းမေတ္တာကြောင့် ကြီးစွာသောဝမ်းမြောက်ခြင်းနှင့် တိုက်တွန်းအားပေးခြင်းတို့ကို ငါခံစားရ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။