ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
၂ ကော 7:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ယူကျုံးမရမဖြစ်ရလေအောင် ကယ်တင်ခြင်းရရှိစေသည့် နောင်တစိတ်ကိုဖြစ်ပေါ်စေ၏။ လောကီဝမ်းနည်းခြင်းမူကား သေခြင်းကိုဖြစ်ပေါ်စေ၏။ Common Language Bible ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။- Garrad Bible ဘု ရား သ ခင့် နည်း လမ်း တော် အ တိုင်း ပူ ပန် ခြင်း အ ကျိုး သည် ကယ် တင် ခြင်း အ လို့ ငှာ နှ မြော ခြင်း ကင်း သော နောင် တ ရ ခြင်း ဖြစ်၏။ ဤ လော က နည်း လမ်း အ တိုင်း ပူ ပန် ခြင်း အ ကျိုး ကား သေ ခြင်း တည်း။ Judson Bible အဘယ်သို့နည်း ဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းနှင့်ယှဉ်သော နောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သော နောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရရှိစေမည့် နောင်တစိတ်ကို ဖြစ်ပေါ်စေပြီး ပူဆွေးဝမ်းနည်းရခြင်းမျိုး မရှိပေ။ သို့သော် လောကီနှင့်ဆိုင်သော ဝမ်းနည်းခြင်းသည် သေခြင်းတရားကို ဖြစ်ပေါ်စေ၏။ |
ရာခေလသည် ယာကုပ်အတွက် သားမဖွားနိုင်ကြောင်းသိမြင်လျှင် မိမိအစ်မကို မနာလိုဖြစ်လေ၏။ ရာခေလက “အကျွန်ုပ်အား သားသမီးပေးပါ။ သို့မဟုတ်လျှင် အကျွန်ုပ်သေမည်”ဟု ယာကုပ်အားဆို၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက နာသန်အား “ထာဝရဘုရားကို ငါပြစ်မှားမိပါပြီ”ဟု ဆိုလျှင် နာသန်က ဒါဝိဒ်မင်းကြီးအား “ထာဝရဘုရားသည် မင်းကြီးအပြစ်ကို ဖြေလွှတ်တော်မူပြီဖြစ်၍ မင်းကြီး မသေရပါ။
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ထိုသို့ “ဘိုးဘေးတို့၏အမွေမြေကို အရှင်မင်းကြီးအား မပေးနိုင်ပါ”ဟု ယေဇရေလမြို့သားနာဗုတ်ဆိုသောစကားကြောင့် အာဟပ်မင်းကြီးသည် စိတ်မကျေမနပ်ဖြစ်၍ မျက်နှာသုန်မှုန်လျက် နန်းတော်သို့ပြန်သွားကာ အစာလည်းမစား သလွန်တော်ပေါ်တွင် တစ်ဖက်သို့လှည့်၍ လှဲနေလေ၏။
အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။
ဝမ်းမြောက်သောစိတ်နှလုံးသည် မျက်နှာကိုရွှင်လန်းစေတတ်၏။ သို့သော် ဝမ်းနည်းပူဆွေးသောစိတ်နှလုံးကြောင့် စိတ်ထိခိုက်နာကျင်ရတတ်၏။
အဖိနှိပ်ခံရသောသူ၏နေ့ရက်ရှိသမျှတို့သည် ဆိုးရွား၏။ ကြည်ရွှင်သောစိတ်နှလုံး၌မူကား အစဉ်မပြတ်ကျင်းပသောစားသောက်ပွဲရှိ၏။
ဝမ်းမြောက်သောစိတ်နှလုံးသည် ဆေးကောင်းတစ်လက်ဖြစ်၏။ စိတ်ထိခိုက်နာကျင်ခြင်းမူကား အရိုးကိုခြောက်သွေ့စေတတ်၏။
လူ၏စိတ်သည် သူ၏ရောဂါဝေဒနာကို ခံရပ်နိုင်၏။ သို့သော် စိတ်ထိခိုက်နာကျင်ခြင်းကိုကား မည်သူခံနိုင်မည်နည်း။
ပူဆွေးခြင်းသည် ရယ်မောခြင်းထက်ပို၍ကောင်း၏။ အကြောင်းမူကား မျက်နှာညှိုးငယ်သောအားဖြင့် စိတ်နှလုံးကောင်းလာတတ်၏။
သူတို့သည် ငိုကြွေးလျက် ပြန်လာကြလိမ့်မည်။ သူတို့ကို နှစ်သိမ့်လျက် ငါပြန်ခေါ်လာမည်။ သူတို့ကို စမ်းချောင်းနား၊ သူတို့ခလုတ်မတိုက်နိုင်သည့် ဖြောင့်ဖြူးသောလမ်းဖြင့် ငါပို့ဆောင်မည်။ ငါသည် အစ္စရေးလူမျိုး၏အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏သားဦးဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
သူတို့ပြုကျင့်သည့်မကောင်းသောလမ်းမှပြန်လှည့်လာကြကြောင်း သူတို့၏အပြုအမူများကို ဘုရားသခင် မြင်သောအခါ စိတ်တော်ပြောင်းလဲ၍ သူတို့အပေါ်ဘေးဆိုးကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ပြန်ရုပ်သိမ်းတော်မူ၏။
လူမှစ၍ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်၍ ဘုရားသခင်ထံ စိတ်ပါလက်ပါနှင့်ဆုတောင်းကြစေ။ လူတိုင်း မိမိပြုသောမကောင်းမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ကြဉ်ကြစေ။
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
ထိုအခါ ပေတရုသည်“ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်လိမ့်မည်”ဟု ယေရှုမိန့်တော်မူခဲ့သည့်စကားကို သတိရသဖြင့် အပြင်သို့ထွက်၍ သည်းထန်စွာငိုကြွေးလေ၏။
ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
နောက်တစ်ဖန် ငါလာသောအခါ ဘုရားသခင်သည် သင်တို့ရှေ့၌ ငါ့ကိုနှိမ့်ချတော်မူ၍ ယခင်က အပြစ်ကျူးလွန်ခဲ့လျက်ပင် မိမိတို့ပြုကျင့်ခဲ့သည့် ညစ်ညူးခြင်း၊ တရားနှင့်မညီမေထုန်ပြုခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းတို့ကို နောင်တမရသေးသောသူများစွာရှိသည့်အတွက် ငါဝမ်းနည်းကြေကွဲရမည်ကိုလည်း ငါစိုးရိမ်၏။
ယခု ငါဝမ်းမြောက်လျက်ရှိ၏။ ထိုသို့ဆိုသော် သင်တို့ကိုဝမ်းနည်းစေခဲ့သောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ သင်တို့၏ဝမ်းနည်းခြင်းသည် သင်တို့ကို နောင်တရစေသောကြောင့်သာဖြစ်၏။ အမှန်စင်စစ် သင်တို့သည် ဘုရားသခင်၏အလိုတော်နှင့်အညီ ဝမ်းနည်းကြရသည်ဖြစ်၍ ငါတို့ကြောင့် မည်သည့်ဆုံးရှုံးမှုကိုမျှ မခံစားရချေ။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း သူသည် နောက်မှ ကောင်းချီးမင်္ဂလာကိုအမွေဆက်ခံလိုသော်လည်း ငြင်းပယ်ခြင်းခံရ၍ ၎င်းကို မျက်ရည်ဖြင့်ပြန်တောင်းသော်လည်း နောင်တရသောအခွင့်ကို မရရှိခဲ့ပေ။
လူအပေါင်းတို့သည် မိမိတို့၏သားသမီးများအတွက် စိတ်သောကရောက်လျက် ဒါဝိဒ်ကို ခဲနှင့်ပေါက်သတ်ရန် ပြောဆိုကြသဖြင့် ဒါဝိဒ်မှာ အလွန်စိတ်ဒုက္ခရောက်ရလေ၏။ သို့သော် သူသည် သူ၏ဘုရားသခင်ထာဝရဘုရားထံတော်မှ အားယူလေ၏။