Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 7:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ပူဆွေး​ခြင်း​သည် ရယ်မော​ခြင်း​ထက်​ပို၍​ကောင်း​၏​။ အကြောင်းမူကား မျက်နှာ​ညှိုးငယ်​သော​အားဖြင့် စိတ်နှလုံး​ကောင်း​လာ​တတ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ပြုံးရယ်ခြင်းထက် ဝမ်းနည်းခြင်းသည်သာ၍ ကောင်း၏။ အကြောင်းမူကား၊ မျက်နှာညှိုးငယ်သော အားဖြင့် နှလုံးသာ၍ကောင်းတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 မျက် နှာ ညှိုး နွမ်း ခြင်း ဖြင့်၊ စိတ် နှ လုံး ကောင်း တတ် သည် ဖြစ်၍၊ ပူ ဆွေး ခြင်း သည်၊ ရယ် မော ခြင်း ထက် သာ၍ ကောင်း၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ပြုံး​ရယ်​ခြင်း​ထက် ဝမ်း​နည်း​ခြင်း​သည် သာ၍​ကောင်း၏။ အ​ကြောင်း​မူ​ကား၊ မျက်​နှာ​ညှိုး​ငယ်​သော​အား​ဖြင့် နှ​လုံး​သာ၍ ကောင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 7:3
21 ပူးပေါင်းရင်းမြစ်များ  

အကျွန်ုပ်​သည် ဒုက္ခဝေဒနာ​မ​ခံစား​ရ​မီ လမ်းလွဲ​ခဲ့​ပါ​၏​။ ယခု​မူကား ကိုယ်တော်​၏​မိန့်​တော်မူ​ချက်​ကို စောင့်ထိန်း​ပါ​၏​။


ဒုက္ခဝေဒနာ​ခံစား​ရ​ခြင်း​သည် အကျွန်ုပ်​အတွက် ကောင်း​ပါ​၏​။ သို့မှ ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​တို့​ကို အကျွန်ုပ်​သင်ယူ​နိုင်​မည်​။


ရယ်မော​ခြင်း​သည် “​ရူးသွပ်​ခြင်း​ဖြစ်​၏​” ဟူ၍​လည်းကောင်း​၊ အပျော်အပါး​သည် “​မည်သည့်​အကျိုးရှိ​သနည်း​” ဟူ၍​လည်းကောင်း ငါ​ဆို​၏​။


ပညာရှိ​သော​သူ​တို့​၏​စိတ်နှလုံး​သည် အသုဘ​အိမ်​၌​ရှိ​၏​။ မိုက်မဲ​သော​သူ​တို့​၏​စိတ်နှလုံး​မူကား ပျော်ပါးရာ​အိမ်​၌​ရှိ​၏​။


သူ​က ငါ့​အား “​အို နှစ်သက်မြတ်နိုး​ခြင်း​ခံရ​သူ​၊ မ​ကြောက်​နှင့်​။ ငြိမ်သက်​ခြင်း​ရှိ​ပါစေ​။ အားယူ​လော့​၊ အားယူ​လော့​”​ဟု ဆို​လျှင် ငါ​သည် ခွန်အား​ပြည့်​လာ​၍ “​အကျွန်ုပ်​၏​သခင်​၊ အမိန့်ရှိ​တော်မူ​ပါ​။ သခင့်​စကား​ကြောင့် အကျွန်ုပ်​အားရှိ​သွား​ပါ​ပြီ​”​ဟု ပြန်လျှောက်​၏​။


ယခု​ဆာလောင်​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။ ယခု​ငိုကြွေး​နေ​သော​သင်​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ရယ်မော​ကြ​လိမ့်မည်။


ယခု ဝ​လင်​စွာ​စား​ရ​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဆာလောင်​ကြ​လိမ့်မည်။ ယခု ရယ်မော​သော​သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ဝမ်းနည်း​ကြေကွဲ​လျက် ငိုကြွေး​ကြ​လိမ့်မည်။


အကြောင်းမူကား ငါ​တို့​ခေတ္တ​ခံရ​သော ပေါ့ပါး​သည့်​ဆင်းရဲ​ဒုက္ခ​သည် အတိုင်းထက်အလွန် ထူးမြတ်​၍​လေးနက်​သော ထာဝရ​ဘုန်း​အသရေ​ကို ငါ​တို့​အတွက်​ဖြစ်​စေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ