ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။
၂ ကော 5:13 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။ Common Language Bible ငါတို့သည်ရူးသွပ်လေပြီလော။ ရူးသွပ်လျှင် ဘုရားသခင်အဖို့ဖြစ်၏။ အကယ်၍မရူး မသွပ်လျှင်လည်းသင်တို့အဖို့ဖြစ်၏။- Garrad Bible ငါ တို့ သည် ရူး သွပ် စေ တော့၊ ဘု ရား သ ခင့် အ ဖို့၊ ဉာဏ် ကောင်း စေ တော့၊ သင် တို့ အ ဖို့ ဖြစ်၏။ Judson Bible ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဖို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဖို့ ဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် စိတ်ဖောက်ပြန်နေလျှင် ထိုအရာသည် ဘုရားသခင်အတွက် ဖြစ်၏။ စိတ်မှန်နေလျှင် သင်တို့အတွက်ဖြစ်၏။ |
ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒနေရာတွင် သင့်ကိုယဇ်ပုရောဟိတ်အဖြစ် ခန့်ထားတော်မူပြီ။ သင်သည် ထာဝရဘုရား၏အိမ်တော်ကိုကြီးကြပ်ရသူဖြစ်ပြီ။ ပရောဖက်အယောင်ဆောင်သောသူရူးရှိသမျှတို့ကို အချုပ်ထဲတွင် ထိပ်ခတ်ထားရမည်ဟု သင်ဆိုလေပြီ။
ကိုယ်တော်၏ဆွေမျိုးသားချင်းတို့သည်ကြားလျှင် ကိုယ်တော်ကိုထိန်းချုပ်ရန် ထွက်လာကြ၏။ အကြောင်းမှာ “သူသည် စိတ်ဖောက်ပြန်နေပြီ”ဟု လူတို့ပြောဆိုနေကြသောကြောင့်ဖြစ်၏။
ငါ့အားပေးအပ်တော်မူသော ကျေးဇူးတော်အားဖြင့် သင်တို့ထဲတွင်ရှိသောသူအားလုံးကို ငါမှာကြားလိုသည်မှာ သင်တို့သည် မိမိကိုယ်ကို ထင်သင့်သည်ထက် ပို၍အထင်မကြီးကြဘဲ သင်တို့အသီးသီးအား ဘုရားသခင်ခွဲဝေပေးတော်မူသော ယုံကြည်ခြင်းအတိုင်းအတာနှင့်အညီ သင့်တင့်လျောက်ပတ်စွာ ထင်မြင်ကြလော့။
ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
ငါသည် ဝါကြွားရန်အလိုရှိလျှင်လည်း အမှန်ကိုသာပြောမည်ဖြစ်၍ မိုက်မဲသောသူဖြစ်မည်မဟုတ်။ သို့သော် မည်သူမျှ ငါ့ကိုမြင်ရသည်ထက်၊ သို့မဟုတ် ငါ့အကြောင်းကို ကြားရသည်ထက်ပို၍ ငါ့ကိုမထင်မြင်မိစေရန် ငါမဝါကြွားဘဲနေမည်။
သို့ဖြစ်၍ ငါသည် သင်တို့ထံသို့ရေးသားခဲ့ခြင်းမှာ ပြစ်မှားသောသူအတွက်ကြောင့်မဟုတ်။ ပြစ်မှားခြင်းခံရသောသူအတွက်ကြောင့်လည်းမဟုတ်။ ငါတို့အပေါ်ထားရှိသော သင်တို့၏စိတ်အားထက်သန်မှုကို ဘုရားသခင်ရှေ့တော်၌ သင်တို့ကိုယ်တိုင်တွေ့မြင်ကြစေရန်အတွက်သာဖြစ်၏။
ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
ထို့ကြောင့် ရွေးကောက်ခံရသောသူတို့သည် ခရစ်တော်ယေရှု၌ရှိသောကယ်တင်ခြင်းကို ထာဝရဘုန်းအသရေနှင့်တကွ ရရှိနိုင်မည့်အကြောင်း ငါသည် သူတို့အတွက် အရာရာကိုသည်းခံ၏။