ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
၂ ကော 2:2 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါသည် သင်တို့ကိုဝမ်းနည်းစေလျှင် ငါ့ကြောင့်ဝမ်းနည်းရသူမှတစ်ပါး မည်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။ Common Language Bible ငါသည်သင်တို့အားဝမ်းနည်းအောင်ပြုပါမူ ငါ့အားရွှင်လန်းစေမည့်သူအဘယ်မှာရှိ တော့မည်နည်း။ ငါ့ကြောင့်ဝမ်းနည်းရသူများ ကလွဲ၍ အဘယ်သူသည်ငါ့အားစိတ်ရွှင် လန်းစေတော့အံ့နည်း။- Garrad Bible သင် တို့ ကို ငါ ပူ ပန် စေ လျှင် ငါ့ ကို ဝမ်း မြောက် စေ မည့် သူ ကား ပူ ပန် ရ သူ သင် တို့ မှ တ ပါး မည် သူ ရှိ တော့ အံ့ နည်း။ Judson Bible အကြောင်းမူကား၊ ငါသည် သင်တို့ကို ဝမ်းနည်းစေလျှင်၊ ထိုသို့ ဝမ်းနည်းစေသောသူတို့မှတစ်ပါး အဘယ်သူသည် ငါ့ကိုဝမ်းမြောက်စေမည်နည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိလျှင် ကျွန်ုပ်ကို ဝမ်းမြောက်စေမည့်သူ အဘယ်မှာရှိဦးမည်နည်း။ သင်တို့ကသာ ကျွန်ုပ်ကို ဝမ်းမြောက်စေနိုင်၏။ သို့သော်လည်း ကျွန်ုပ်သည် သင်တို့ကို ဝမ်းနည်းစေမိပြီမဟုတ်လော။ |
ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
ဝမ်းမြောက်သောသူတို့နှင့်အတူဝမ်းမြောက်၍ ငိုကြွေးသောသူတို့နှင့်အတူငိုကြွေးကြလော့။
သို့ဖြစ်၍ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ဝေဒနာခံစားရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွခံစားရကြ၏။ အင်္ဂါအစိတ်အပိုင်းတစ်ခုသည် ချီးမြှောက်ခြင်းခံရလျှင် အင်္ဂါအစိတ်အပိုင်းရှိသမျှသည် အတူတကွဝမ်းမြောက်ကြ၏။
သင်တို့သည် ငါတို့ကို တစ်စိတ်တစ်ဒေသ သိထားသည်ဖြစ်၍ ငါတို့သခင်ယေရှု၏နေ့ရက်၌ ငါတို့သည် သင်တို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်သကဲ့သို့ သင်တို့သည်လည်း ငါတို့အတွက် ဝါကြွားဝမ်းမြောက်စရာဖြစ်ကြောင်းကို သင်တို့စုံလင်စွာသိကြလိမ့်မည်ဟု ငါမျှော်လင့်၏။
တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
ငါရေးလိုက်သောစာအားဖြင့် သင်တို့ကို ဝမ်းနည်းစေခဲ့သော်လည်း ငါသည် စိတ်မကောင်းမဖြစ်ပေ။ ထိုစာသည် သင်တို့ကို ခေတ္တခဏဝမ်းနည်းစေခဲ့သည်ကို ငါမြင်၍ စိတ်မကောင်းဖြစ်ခဲ့လျှင်ပင်