ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။
၂ ကော 13:2 - မြန်မာ့စံမီသမ္မာကျမ်း ယခင် အပြစ်ကျူးလွန်ခဲ့သူများနှင့် အခြားသောသူအပေါင်းတို့အား ဒုတိယအကြိမ်ရောက်ခဲ့စဉ်က ငါသတိပေးခဲ့သည့်အတိုင်း ယခု သင်တို့နှင့်ကွဲကွာနေစဉ် ငါသတိပေးသည်ကား ငါသည် နောက်တစ်ဖန်ရောက်လာလျှင် ညှာတာလိမ့်မည်မဟုတ်။ Common Language Bible ဒုတိယအကြိမ်ငါလာရောက်ခဲ့စဉ်အခါက ``နောက် တစ်ကြိမ်ငါလာလျှင်သင်တို့အားငါညှာတာလိမ့် မည်မဟုတ်'' ဟုယခင်အပြစ်ကူးခဲ့သူများနှင့် အခြားသူအပေါင်းတို့အားငါကိုယ်တိုင်ကြို တင်သတိပေးခဲ့၏။ ယခုလည်းဤအတိုင်း ပင်အဝေးမှငါထပ်မံ၍သတိပေးလိုက်၏။- Garrad Bible ပြစ် မှား မြဲ ပြစ် မှား သူ တို့ မှ စ၍ ကြွင်း သူ တို့ အား ဒု တိ ယ အ ကြိမ် ငါ ရှိ စဉ် အ ခါ ပြော ဆို ခဲ့ သည့် အ တိုင်း ငါ့ အား ဖြင့် ခ ရစ် တော် မိန့် ဆို တော် မူ ကြောင်း သက် သေ ကို သင် တို့ ရှာ ကြ သည် ဖြစ်၍ ယ ခု ကွဲ ကွာ လျက် ရှိ စဉ် ဆို ဦး မည် မှာ ငါ ပြန် ရောက် လျှင် ညှာ မည် မ ဟုတ်။ ထို အ ရှင် သည် သင် တို့ နှင့် စပ်၍ အား မ နည်း ဘဲ သင် တို့ ဘောင် တွင် တန် ခိုး နှင့် ပြည့် စုံ တော် မူ၏။ Judson Bible တစ်ဖန် ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောသူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင်သင်တို့နှင့်အတူ မရှိသော်လည်း၊ တစ်ဖန် ရှိဘိသကဲ့သို့ ငါပြောနှင့်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒုတိယအကြိမ် ကျွန်ုပ်သင်တို့နှင့်အတူ ရှိခဲ့စဉ်က ယခင် အပြစ်ကျူးလွန်သူများနှင့် အခြားသူအပေါင်းတို့အား နောက်တစ်ကြိမ် ရောက်လာလျှင် ညှာတာမည်မဟုတ်ဟု သတိပေးခဲ့သည့်အတိုင်း ယခုအဝေး၌ ရှိစဉ်တွင်လည်း ထပ်မံ၍ သတိပေးလိုက်၏။ |
ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။
ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
ယခု ငါသည် သင်တို့ထံသို့ တတိယအကြိမ်လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အကြောင်းမူကား ငါသည် သင်တို့၏ဥစ္စာများကို အလိုရှိသည်မဟုတ်။ သင်တို့ကိုသာ အလိုရှိ၏။ သားသမီးတို့သည် မိဘတို့အတွက် စုဆောင်းရသည်မဟုတ်ဘဲ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။
ဤအကြောင်းကြောင့် ဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် ငါ့အား သခင်ဘုရားပေးတော်မူသောအခွင့်အာဏာကို ငါရောက်လာသောအခါ ပြင်းထန်စွာအသုံးမချရရန် ငါသည် သင်တို့နှင့်ကွဲကွာနေစဉ် ဤအကြောင်းအရာများကို ရေးလိုက်၏။