အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မှ သုံးဆယ့်နှစ်နှစ်အထိ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ငါသည် ယုဒပြည်၌ ဘုရင်ခံအဖြစ် ခန့်အပ်ခံရသောအချိန်တွင်လည်း ငါနှင့်ငါ့ညီအစ်ကိုတို့သည် ဘုရင်ခံရိက္ခာကို မစားပေ။
၂ ကော 12:18 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။ Common Language Bible ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။ Garrad Bible ငါ နှိုး ဆော် ခဲ့ သူ တိ တု နှင့် တ ကွ ဆို ခဲ့ သော ညီ အစ် ကို ကို ငါ စေ လွှတ် ရာ တိ တု တင် စား သ လော။ ငါ တို့ သည် တစ် မျိုး တည်း သော သ ဘော၊ တစ် မျိုး တည်း သော ခြေ ရာ စဉ် များ၌ လျှောက် လိုက် ခဲ့ ကြ သည် မ ဟုတ် လော။ Judson Bible တိတုသည် သင်တို့ဆီသို့ သွားမည်အကြောင်း ငါတောင်းပန်၍၊ သူနှင့်တကွ အခြားသော ညီတစ်ယောက်ကို စေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ဥစ္စာကို ယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည် မဟုတ်လော။ တစ်လမ်းတည်း လိုက်ကြသည် မဟုတ်လော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။ |
အာတဇေရဇ်မင်းကြီး နန်းစံအနှစ်နှစ်ဆယ်မှ သုံးဆယ့်နှစ်နှစ်အထိ တစ်ဆယ့်နှစ်နှစ်တိုင်တိုင် ငါသည် ယုဒပြည်၌ ဘုရင်ခံအဖြစ် ခန့်အပ်ခံရသောအချိန်တွင်လည်း ငါနှင့်ငါ့ညီအစ်ကိုတို့သည် ဘုရင်ခံရိက္ခာကို မစားပေ။
ထိုအခါ မောရှေသည် အလွန်အမျက်ထွက်၍ ထာဝရဘုရားအား “ထိုသူတို့၏ဘောဇဉ်ပူဇော်သက္ကာကို လှည့်ကြည့်တော်မမူပါနှင့်။ အကျွန်ုပ်သည် သူတို့ထံမှ မြည်းတစ်ကောင်ကိုမျှ မယူခဲ့ဖူးပါ။ သူတို့ထဲမှတစ်စုံတစ်ယောက်ကိုမျှ အန္တရာယ်မပြုခဲ့ဖူးပါ”ဟု လျှောက်လေ၏။
ထို့ပြင် အာဗြဟံအား အရေဖျားလှီးထားသောသူတို့၏အဖဖြစ်စေရန်နှင့် အရေဖျားလှီးထားသောသူသာမကဘဲ အရေဖျားမလှီးမီကပင် ငါတို့အဖအာဗြဟံ၌ရှိသော ယုံကြည်ခြင်းခြေရာကို လိုက်လျှောက်သောသူတို့၏အဖလည်း ဖြစ်စေရန်အတွက်ဖြစ်၏။
သင်တို့သည် မည်သည့်အရာကို အလိုရှိကြသနည်း။ ငါသည် သင်တို့ထံသို့ တုတ်နှင့်လာရမည်လော၊ သို့မဟုတ် မေတ္တာနှင့် နူးညံ့သိမ်မွေ့သောစိတ်တို့ဖြင့် လာရမည်လော။
ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် မည်သူ့ကိုမျှ မပြစ်မှားခဲ့ကြ။ မည်သူ့ကိုမျှ မဖျက်ဆီးခဲ့ကြ။ မည်သူ့အပေါ်၌မျှ အမြတ်မထုတ်ခဲ့ကြ။
သို့သော် အားငယ်သောသူတို့ကိုနှစ်သိမ့်တော်မူသောဘုရားသခင်သည် တိတုရောက်ရှိလာခြင်းအားဖြင့် ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။
ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။
အမှန်စင်စစ် သင်တို့သည် ဤအတွက် ခေါ်ယူတော်မူခြင်းခံရ၏။ အကြောင်းမူကား ခရစ်တော်သည်လည်း သင်တို့ကို မိမိခြေရာတော်အတိုင်းလိုက်လျှောက်စေရန် သင်တို့ကိုယ်စား ဒုက္ခဝေဒနာခံစားရလျက် သင်တို့အတွက် စံနမူနာကိုထားပေးတော်မူ၏။